Ep 1

8 0 0
                                    

ကလောင်....ကလောင်....ကလောင်....

အန်တီရေ...ကျောင်းခေါင်းလောင်းထိုးနေလောက်ပြီ..
ခုထိ ferry ကကျောင်းမရောက်သေးဘူးလား..

သမီးရယ်..ကားဒွေဒီလောက်ပိတ်နေတာကို..အန်တီလဲဘာမှလုပ်ပေးလို့မရဘူး..
သမီးကိုစောင့်နေလို့နောက်ကျနေတာလေ

သမီးတော့..အဆူခံရတော့မှာပဲအန်တီရယ်..

အဲ့လောက် အလျင်လိုနေလဲလမ်းသာဆင်းလျှောက်တော့သမီးရေ...အန်တီလည်းမတတ်နိုင်ဘူး.

ဟုတ်..အန်တီ..
အဲ့တာဆို သမီးသွားပြီနော်

ဟဲ့..ဟဲ့..
ငါ့နှယ်..ဒီကောင်မလေးကတော့လေ..
ကျောင်းနဲ့ဝေးနေသေးတာကို..

နောက်မှာ..ကျောင်းကားပိုင်ရှင်အန်တီကြီးကတော့ဘာဒွေရေရွတ်ပြီးကျန်ခဲ့မှန်းတော့မသိ..
ကျမ ၈တန်းပထမဆုံးတက်ရတဲ့နေ့မှာ
ကျောင်းတော့နောက်မကျချင်ပါလေ...

ကျောင်းက မနက်ခင်းကျောင်းမို့လို့..
၇နာရီဆိုကျောင်းခေါင်းလောင်းကထိုးပြီလေ..
အခုက ၇ နာရီ နဲ့မှ ၁၀မိနစ်..
သေချာပါသည်..ကျောင်းပထမဆုံးတက်တဲ့နေ့မှာ..
အတန်းပိုင် ဆရာမနဲ့အဆူခံထိတော့မည်...
သူငယ်ချင်းထံမှလဲ ပူညံပူညံကြားရတော့မည်

ကျမ အမြန်ပြေးသွားသော်လည်း..
ကျောင်းတံခါးဖွင့်ပေးတဲ့ တာဝန်ကျဆရာမထံမှလည်းဆူခံလိုက်ရသည်..

အရေးထဲမှာ တက်ရမယ့်အခန်းကိုလိုက်ရှာနေရိုးရိုး ၇နာရီခွဲကျော်သွားသည်...
နောက်ဆုံးတော့..

ဆရာမ..ဝင်ခွင့်ပြုပါ

(C)တန်းကလား?

ဟုတ်ပါတယ် ဆရာမ..

ဝင်လေ..အဲ့တာဆို
ဘာလို့ဒီလောက်နောက်ကျနေတာလဲ

ကားဒွေပိတ်နေလို့ပါဆရာမ..
အဲ့တာတောင်..
သမီး Ferry ပေါ်ကပြေးလာလို့
ဒီချိန်ရောက်တာ ဆရာမ

ဟုတ်ပါပြီ..
ဆင်ခြေဒွေဆင်လက်ဒွေနဲ့..
သူများဒွေ roll call ခေါ်ပြီးသွားပြီ.
နာမည်ပြော..Teacher အချိန်ကုန်တော့မှာ

ချယ်ရီမေ ပါ Teacher..

ချယ်ရီမေ?

ဟုတ်ကဲ့ Teacher..

You've reached the end of published parts.

⏰ Last updated: May 09, 2018 ⏰

Add this story to your Library to get notified about new parts!

My First Love Where stories live. Discover now