No one has to know

275 44 0
                                    

#Unicode
************************************

************************************

************************************

1 year later...

မီးရထားသံလမ်းပေါ်တွင် ခုတ်မောင်းနေသော ရထားသည်
အရှိန်ကောင်းစွာပင်...

ညင်သာတဲ့လေဟာ တစ်လျှောက်လုံးတိုးဝင်တိုက်ခတ်နေပြီး
ကျေးလက်သဘာဝအလှတွေကို ရထားပြတင်းမှတစ်ဆင့်
ထင်ရှားစွာမြင်နိုင်သည်

သူထိုင်နေရာနဲ့ မျက်နှာချင်းဆိုင်မှာတော့
ချစ်သက်တမ်းတစ်နှစ်ပြည့်ခဲ့ပြီဖြစ်သော ချစ်သူနှစ်ဦး..

လုဟန်နှင့်ဒေစီ

ချစ်သူရဲ့ပခုံးကို အကျအနမှီကာ ဒေစီဟာ အိပ်ပျော်နေလေရဲ့

နဂိုကမှ လူကောင်သေးလှသည့်လုဟန် ပခုံးနာနေတော့မည်ဆိုတာကို သူခန့်မှန်းမိပါသည်...

ဒီနေရာမှာ ဒေစီမဟုတ်ပဲ တခြားလူတစ်ယောက်သာဆိုရင်...

ခေါင်းကို အတွင်တွင်ရမ်းကာ အတွေးတို့ကို ရုတ်သိမ်းလိုက်သည်..

ရထားဟာ တဖြည်းဖြည်း အရှိန်သေလာပြီး
ဥဩဆွဲသံနှင့်အတူတူ လိုရာခရီးသို့ရောက်ခဲ့သည်...

" ဒေစီ.. ဒေစီ. ထတော့ ရောက်ပြီ "

" အင်. ရောက်ပြီလား.."

အေးရာအေးကြောင်း လုပ်နေသော
အချစ်မောင်နှံကို သူစောင့်နေချိန်မရပေ...

ရထားပေါ်မှ အလျင်အမြန်ဆင်း..
ခြောက်နာရီနီးပါးလောက် ချုပ်တည်းခဲ့ရသော အာသီသကိုဖြေဖျောက်ရပေမည်...

တစ်ချက် ပြင်းပြင်းရှုရှိုက်လိုက်ပြီး...
မီးခိုးငွေ့အရှည်ကြီး မှုတ်ထုတ်ပစ်လိုက်မှ နေသာထိုင်သာရှိတော့သည်...

" အို ဆယ်ဟွန်း
ရောက်မှမရောက်သေးဘူး.. နင်က အဲ့ဒါသောက်ဖို့ပဲ ငါ့အဖိုးအဖွားတွေက ဆေးလိပ်သောက်ရင်မကြိုက်ဘူးနော် "

ဒေစီကဲ့သို့ပင် စိတ်ပျက်သော အကြည့်တွေနဲ့ကြည့်နေသော
သူတစ်ယောက်ဟာတော့.. ဘာစကားတစ်ခွန်းမှ ဖွင့်ဟမလာခဲ့ချေ....

စိတ်ကုန်သွားပြီထင်ပါရဲ့...

......................................................................

No one has to know [Completeđ]Where stories live. Discover now