ဇာတ်သိမ်းခန်းလေးဝေးပါရစေ (Part-4)

127 4 0
                                    


"တီ" နေ့တ၀က်ကျောင်းဆင်းသော်လည်း ရတုကို ထိုင်ရာကမထဖြစ်ပေ

ရတုကိုခေါင်းထဲတွင် ကြွေရုပ်ပြောသောစကားများဖြင့်သာ

ပဲ့တင်ထပ်နေမိသည်

တဖက်ကလည်း ကိုယ်မိဘ တဖက်ကလည်း ကို့ချစ်တဲ့သူ

အားး ဘာမှမစဉ်းစားချင်တော့ဘူး

ရတုကို ၀င်လာသော အ၀င်ဖုန်းအား မကိုင်ဘဲ ချလိုက်သည်

ကြွေရုပ် နောက်တန်းမှ ရတုကိုအားကြည့်နေမိသည်

ရတုကို ကြည့်ရတာ တော်တော်စဉ်းစားရကြပ်နေတဲ့ပုံ

သူဒီလောက် ထိတခါမှမဖြစ်ဘူးပေ

'ညီရယ် ဘာတွေဖြစ်နေတာလဲအကို့ကိုပြောပြပါလားကွာ

အကို့ကို မညင်းဆဲပါနဲ့ အကိုမခံစားနိုင်လို့ပါ

ဒီနေ့နဲ့ဆို ရတုကို မင်းသွေးဆက်ကိုရှောင်နေတာ ၄ ရက်မြောက်သောနေ့ပင်

ဆေးရုံကိုလည်းတယောက်တည်းသွားတယ်

ကျောင်းပြန် ကျောင်းသွားလည်း လိုင်းကားဘဲစီးသွားတယ်

ညအိပ်ရင်တောင် ဧည့်ခန်းမှာဘဲအိပ်တယ်

မေးတော့လဲဘာမှ မပြောသောကြောင့်ပိုခံစားရသည်

ဇွတ်အတင်းမေးရင်လည်း အခြေအနေပိုဆိုးမည်ဖြစ်သောကြောင့်

ဘာမှမမေးဖြစ်ခဲ့ပေ

ကြွေရုပ်တို့နဲ့ Dinner စားပီးနောက်ပိုင်း ရတုအချိုးတွေပြောင်းသွားတာလား

ငါအပြင်ထွက်သွားတော့ ကြွေရုပ်တို့သားအမိ နဲ့ ရတုကို ဘာကိစ္စများဖြစ်ခဲ့ပါလိမ့်

ငါ toilet ကအပြန် အတန်းထဲက လက်ချာဆရာနဲ့

တွေ့နေ၍ စကားပြောနေလို့

ရတုတို့ ဆီ ပြန်တာ လိုတာထက်နောက်ကျသွားတာဘဲရှိတာပါ

ရောက်သွားတော့ ရတု တို့ ဘာစကားမှပင်မပြောကြတော့ဘဲ

ပွဲသိမ်းလိုက်ကြသည်ကိုတော့ သတိတော့ထားမိသား

ညီရယ် ဘာတွေများဖြစ်နေတာလဲကွာ'

ဇာတ်သိမ်းခန်းလေး ဝေးပါရစေWhere stories live. Discover now