Prologue

2K 80 11
                                    

ယုယန် က ၀တ္တု ဖတ်ရတာ ကြိုက်တယ် သူကျောင်းသွားကျောင်းပြန် လုပ်တဲ့ အရာက ၀တ္ထု ဖတ်တာပဲ အထူးသဖြင့်  BL ပေါ့  တစ်နေ့ သူမကျောင်းက အပြန် ကားတိုက်မှုဖြစ်ခဲ့တယ် ဘာလို့လည်းဆိုတော့ သူမ အရမ်းကြိုက်တဲ့ ၀တ္ထု ကupdate လုပ်တယ် နောက်ဆုံးမှာ အဓိက ဇာတ်ဆောင်က ဘယ်သူနဲ့ အဆုံးသတ်သွားလည်း ဆိုတာ သိခွင့်ရပြီပေါ့ သူမ ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်နေတယ် အဲ့ဒါနဲ့ယာဉ်ရှုပ်နေတဲ့ ကြားကနေ  ကောင်းမောင်းရင်းနဲ့ ဖတ်တယ် အဲ့မှာ ယာဉ်မတော်တဆ ဖြစ် ပြီး သူမသေသွားခဲ့တယ်

သူမ သေခါနီးမှာတောင် နောက်ဆုံးအတွေးက 
' ဘုရားသခင် ကျေးဇူးပြု၍  သူမကို သူမ ဖတ်ဖူးတဲ့ သူရဲကောင်းဆန် စွာသေဆုံးခြင်း စနစ် ဒါမှမဟုတ်   မကောင်းဆိုးဝါးမျက်နှာဖုံး မြန်မြန်ပြောင်းလိုက် လို yaoi ဝတ္ထုတွေထဲက တစ်ခုခုတွေဆီ ပို့ပေးပါ သူမက တစ်ဘ၀လုံး ကောင်းကောင်းမွန်မွန် နေထိုင်ခဲ့သူပါ ဒါကြောင့် သူမရဲ့ ဒီနောက်ဆုံးဆန္ဒ လေးကို ဖြည့်ပေးပါ သူမ အမြဲတမ်း ဘုရားသခင်ကို ချစ်မြတ်နိုးပါ့မယ် '
[A/N : သေခါနီးတောင် ကိုယ်တွေလို ရူးချက် ]

ယုယန် ထူးထူးဆန်းဆန်း ခံစားလိုက်မိတယ် တစ်ခုခု ထူခြားနေတယ် ဒါပေမယ့် သူမ မျက်လုံးတွေ ဖွင့်မရဘူး နာရီ အနည်းငယ် ကြာတဲ့အခါ  သူမ မျက်လုံးတွေ ဖြည်းဖြည်းချင်း ဖွင့်နိုင်ခဲ့ တယ် သူမ ဘယ်ရောက်နေတာလည်း ???? အာကာသ?????? အတွေးတွေ တစ်ခုပြီး တစ်ခု ၀င်လာတယ်

' သေစမ်း တကယ်ကြီးလား ငါ လေထဲမှာ မြောနေတယ် ohhhhhhhhhhh ဒါ နတ်ပြည်လား ငါသေပြီးခဲ့ပြီလား '

“ Hello, host…. ငါနာမည်က system 001 ပါ ငါ မင်းဆန္ဒ တွေ ဖြည့်ဆီးပေးဖို့ ရောက်နေတာပါ ” ရုတ်တရက် စက်ရုပ်လို အသံ ထွက်လာတယ်

ယုယန် ခန ကြောင်နေပြီး သူမတွေးမိတာက သူမ ဖတ်ဖူးတဲ့  ၀ိညာဉ် ပြောင်း တဲ့ ၀တ္ထုတွေကို တွေးမိပြီး ရုတ်တရက် စိတ်လုပ်ရှားလာတယ် ၀မ်းသာ အားရ ခုန်ပေါက်နေတော့တာပဲ  နောက်မှ သူမက လေဟာပြင် ထဲ ရောက်နေတယ် ဆိုတာ သတိရတော့တယ်

ယုယန် သူမ သေသွားပြီ ဆိုတာကြောင့် ထိတ်လန့်နေသော်လည်း သူမက တွေးနေတာက ' ငါက အဲ့ဘ၀ မှာ ဘာမှ တွယ်တာစရာမှ မရှိတာ……. ငါ နောင်တ ရတာဆိုလို့ နောက်ဆုံးအပိုင်း မဖတ်ရတာပဲ ဒါမယ့် ငါသေသွားပြီ ဆိုတာ လက်ခံပါတယ်……….'

my otherside (hiatus)Where stories live. Discover now