Love is true ( 8 )

459 37 4
                                    

First Fic >>> Ep :- 8 >>>

Daငယ်ငယ်ကအဘိုးနဲ့အတူတူအမြဲရောက်ဖြစ်ခဲ့တဲ့အရုပ်ဆိုင်လေးရှေ့ကိုDaရောက်လာပြီးဆိုင်ထဲကိုငေးကြည့်နေတုန်းမှာဘဲကောင်မလေးတစ်ယောက်ထိုဆိုင်ထဲကိုဝင်သွားပြီးအရုပ်လေးတစ်ရုပ်ကိုဆိုင်ရှင်ဦးလေးကြီးဆီကနေတောင်းဝယ်နေတာကိုDaကြားနေရပါတယ်ထိုအရုပ်လေးကိုမှလိုချင်နေတဲ့ကောင်မလေးကိုကြည့်ပြီးDaငယ်ငယ်ကအရုပ်လေးလိုချင်လို့အဘိုးကိုအတင်းပူဆာခဲ့တာကိုသတိရပြီးDaလဲထိုဆိုင်ထဲကိုဝင်လာခဲ့ပါတယ်

Man ~ မင်းမှာချစ်သူကောင်လေးရှိရင်ခေါ်လာခဲ့ အဲ့ဒါဆို အလကားပေးမယ်

Da ~ တစ်ကယ်ပြောတာလား ဦးလေးကြီး

Chaeလဲအသံလာရာဘက်ကိုလှည့်ကြည့်လိုက်တော့လူကြီးလူကောင်းပုံစံနဲ့ငယ်ရွယ်ပြီးခန့်ညားတဲ့Daကိုမြင်သွားတယ်ထိုအချိန်မှာဘဲမိုးတွေရုတ်တရက်ရွာချလာတယ်

Da ~ ခုဏက ဦးလေးကြီးပြောလိုက်တာ တစ်ကယ်ဘဲလား?

Man ~ တစ်ကယ်ပေါ့ကွ ငါကလူကြီးဖြစ်ပြီးညာပြောစရာလား?

Da ~ ဒါဆို သူ့ကောင်လေးကို ခေါ်လာမယ်ဆို သူလိုချင်တဲ့အရုပ်လေးကို တစ်ကယ် အလကားပေးမှာလား ?

Man ~ တစ်ကယ်ပေးမှာပေါ့

Da. Chaeကိုကြည့်ကာပြုံးပြလိုက်တယ် ဝမ်းနည်းမှုတွေနဲ့ပြည့်နေတဲ့Daရဲ့မျက်ဝန်းတစ်ဆုံကိုChaeအချိန်အတော်ကြာငေးကြည့်နေမိပါတယ်

Da ~ ဒါဆိုDaပိုက်ဆံမကုန်တော့ဘူးပေါ့ ကျွန်တော်က သူ့ချစ်သူကောင်လေးပါ

Daရဲ့ဝမ်းနည်းမှုတွေပြည့်နေတဲ့မျက်ဝန်းတစ်စုံကိုငေးကြည့်နေရင်းမှDaရဲ့စကားကြောင့်Chaeသတိပြန်ဝင်လာခဲ့ပါတယ်

Man ~ သူပြောတာအမှန်ဘဲလား ကလေးမ

Chae . Daကိုပြန်ကြဘ့်လိုက်ပြီး

Chae ~ ဟုတ်ကဲ့...

Da ~ ဒီနေ့ ကျွန်တော် ပထမဆုံး သူမကိုလက်ဆောင်တစ်ခုအဖြစ် အဲ့အရုပ်လေးကိုပေးချင်လို့ပါ

Chae ~ ... ... ... ပထမဆုံး လက်ဆောင်မို့ပါ ကျေးဇူးပြုပြီး

Man ~ မင်းတို့နှစ်ယောက်သာ တစ်ကယ် ချစ်သူတွေဆိုရင်တော့ မင်းတို့နှစ်ယောက်အရမ်းကို လိုက်ဖက်ပါတယ်

Love is true ( Zg + Uni )Where stories live. Discover now