Suri: ငါသူ့လက်ကွက်တီးသံကြားဖူးတယ် ရေရေလလည်လည်မိုက်တာနော် တကယ်ပြောတာ
Miwoo: Jinjja? ငါလည်းနားထောင်ကြည့်ချင်လိုက်တာ
Hana ကတော့ဘာမှဝင်မပြောဘဲရွှံ့နဲ့ဝက်ရုပ်ပုံပေါ်လာအောင်အသေးစိတ်ကိုပုံဖော်နေတယ်
Suri: အဲတော့ ငါပြောထားတာလေး ဘယ်လိုလဲ မလုပ်ဘူးလို့တော့မပြောနဲ့နော်
Miwoo: ရှက်မနေပါနဲ့ အဖွဲ့ထဲဝင်ချင်ရင်ဝင်ချင်တယ်ပြောလိုက်ပါ နင်လုပ်နိုင်ပါတယ်
Suri: အတိအကျပြောရရင်ငါတို့ band အဖွဲ့ထဲဝင်ခဲ့ဟာ
Hana: မနေ့ကငါပြောပြီးပြီလေ ငါစိတ်မဝင်စားဘူးလို့
Suri: တကယ်ပြောနေတာလား သေချာလို့လား
Hana: အင်း ငါဒီထက်ပိုပြီးဒီအကြောင်းမပြောချင်တော့ဘူး
Suri&Miwoo: တစ်ခေါက်လောက်ထပ်စဉ်းစားပေးပါလားဟင် ငါတို့နှစ်ယောက်ကအဖွဲ့ထဲမှာနည်းနည်းအတီးအခတ်သိပ်မတော်တော့အဖွဲ့ထိခိုက်မှာစိုးရိမ်လို့ပါ
Hana: မနေ့ကတည်းကသူ့ကိုတစ်ခါတည်းအပြတ်ပြောထားပြီးသားပါ ငြင်းရတဲ့အတွက် miyan ပါ
Suri တစ်ယောက်ခုံကိုဒုန်းခနဲမြည်အောင်ရိုက်လိုက်ပြီး
Suri: ကောင်းပြီလေ ဒါဆိုရင်အစမ်းဆိုရင်ရော
Hana: ဟမ် အစမ်းဟုတ်လား
Suri: ဟုတ်တယ် နင်အဖွဲ့ထဲဝင်ချင်ရင်ဝင်လို့ရတယ် ဒါမှမဟုတ်မဝင်ချင်ဘူးဆိုရင်တော့ခဏတာလောက်တော့အဖွဲ့ထဲနေပေးပါနော် နင်ကြာလာရင်ငါတို့နဲ့အတူပျော်သွားမှာဘဲဟာ
Hana: ဘာပဲဖြစ်ဖြစ် ငါကနင်တို့အဖွဲ့ထဲဝင်ရမှာဘဲလေ ဘာထူးလို့လဲ
Suri: ငါကတိပေးပါတယ် နင်ငါတို့အဖွဲ့ထဲဝင်လာတာကိုနောင်တမရစေရဘူးဆိုတာ
Miwoo Hana လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး
Miwoo: Hana ရယ် လုပ်ပါနော် နင်အဖွဲ့ထဲဝင်ရင်ငါနဲ့ Suri နဲ့သန့်ရှင်းရေးရောတစ်ခြားဟာတွေရောအကုန်လုပ်ပါ့မယ် နင်ဘာမှလုပ်စရာမလိုဘူးလေ....နော်
YOU ARE READING
Vampire's Boyfriend BTS-Suga
Romance"နင်...နင်သိလား ငါနင့်အကြောင်းတွေကိုမတွေးရမနေနိုင်ဘူး" "ငါ.....နင့်သွေးကိုသောက်ချင်တယ်" "ဘာ!!!" Boy-Min Yoongi Girl-Shin Hana