အချစ်သည်...

1.9K 69 10
                                    

သူနဲ့ကိုယ်...
သမီးရည်းစားဆိုတဲ့ ခေါင်းစဉ်အောက်ကိုရောက်တာ ၂ နှစ်တော့ရှိရှာပြီ။ စတွေ့တုန်းက ကိုယ် မင်္ဂလာဆောင်သွားတဲ့အချိန် ပွဲရောက်မှ ဆိုင်ကယ်က ဘီးပေါက်လို့ ခန်းမရှေ့တစ်ဖက်လမ်းက ဆိုင်ကယ်ပြင်ဆိုင်မှာ ဆိုင်ကယ်ပို့ထားလိုက်တာပေါ့။ တစ်ဖက်လမ်းကို ပြန်ကူးလာတဲ့ ကိုယ်က မင်္ဂလာဆောင်လာတာဆိုတော့ ခပ်လှလှရယ် လမ်းအကူးမှာလေတွေကလည်းတိုက်တော့ သိပ်ကဗျာဆန်သွားတယ်ထင်တယ်။ အင်းးးးး မင်္ဂလာဆောင်လာတဲ့ သူကပစ်ကြွေသွားတယ်တဲ့။ ပွဲက ကိုယ့်သူငယ်ချင်းဆီက တစ်ဆင့် သူ ကိုယ့်ဖုန်းနံပါတ်ကိုရတယ်။
နောက်နေ့ည ဖုန်းဆက်လာတယ် . " မှတ်မိလား " တဲ့။  "မမှတ်မိဘူး" ဆိုပြီး ဖုန်းချပလိုက်တယ်။ဟုတ်တယ် ဘယ်သူမှန်းလည်း သိတာမဟုတ်ဘူး။ နောက်နေ့တွေဖုန်း ထပ်ဆက်တယ်။ မကိုင်ဘူး ကိုယ်လည်း။ အာ့နဲ့message ပြောင်းပို့တယ်။ ကိုယ် ဘယ်တုန်းက add လိုက်မိမှန်းမသိတဲ့ account တစ်ခုကနေ သူ့ပုံပို့လာတယ်။ ဖုန်းဆက်တာ သူပေါ့လေ။အင်း  ဆိုးတော့ မဆိုးပါဘူး ရုပ်ကလေးက။ အဲ့တော့ ကိုယ် တစ်ထစ်လျှော့လိုက်တယ်။ chat box မှာ စကားပြောတယ်။ဖုန်းဆက်လာရင်လည်း ကိုင်ဖြစ်တယ်။ တစ်နေ့ အမေ ခိုင်းလို့ ခဏဆိုပြီး ဆိုင်ကယ်လေးနဲ့ အပြင်ထွက်လာတယ်။အိမ်နေရင်း ကိုယ့်ပုံစံက ဒါ အရွယ်ရောက်ပြီးသား မိန်းမပျို လို့ ကျိန်ပြောရမလို ပေတီးပေစုတ်နဲ့လေ.။ ညကျ သူ ဖုန်းဆက်လာတော့ ကိုယ့်ကိုတွေ့လိုက်တယ်လို့ပြောတယ် သူ ပထမဆုံး မြင်ဖူးတဲ့အခေါက်နဲ့ တော်တော်ကွာတယ်နော်တဲ့။ အံမယ် ရုပ်ဆိုးတယ်တဲ့ ကိုယ့်ကို.။အဲ့တော့ ဘာအရေးလဲပေါ့ အမှန်အတိုင်းပြောရင် ကိုယ်နည်းနည်းရှက်သွားတယ်။ သူက အဲ့လို ရုပ်ဆိုးလေး လည်း ချစ်တယ်တဲ့။ ကိုယ် ရည်းစားစကား အမှတ်မထင် အပြောခံလိုက်ရတယ်။သူ့ဇွဲကောင်းမှုကြောင့် အင်တင်တင်လုပ်နေတဲ့ ကိုယ် နောက်ဆုံးတော့လက်ခံလိုက်ရတယ်။ချစ်တာလည်း ပါတာပေါ့လေ။ တစ်ခါ FB မှာတက်လာတဲ့ သတင်းတစ်ခုကို ကြည့်ပြီး "အလကားအခြောက်တွေ" ဆိုတော့ ကိုယ်ကြည့်မိတော့အံ့သြသွားရတယ်။ အိုး  ဒါ ကိုယ့် ရဲ့ One and only group လေ~

" ဘာလို့အဲ့လိုပြောတာလဲ" ဆိုတော့ " ဒီမှာလေ အဲ့လောက်နုနွဲ့နေတာ ရုပ်တွေလည်းကြည့်ဦး" တဲ့။ "

အချစ်သည်...Where stories live. Discover now