Your vow

501 75 10
                                    


~
~
~

"ငါကတစ်​ကိုယ်​​ကောင်းဆန်​လွန်းတယ်​ဆိုတာသိပါတယ်​Kim။ ဒါက ငါတစ်​​ယောက်​တည်းအတွက်​မဟုတ်​ပါဘူး၊ ငါ့ရဲ့အလုပ်​သမား​တွေအတွက်​ပါ။ သူတို့​တွေအကုန်​အလုပ်​ကြိုးစားခဲ့ကြတာ​လေ။ ငါဒီကုမ္ပဏီကိုထူ​ထောင်​နိုင်​ဖို့ ခက်​ခက်​ခဲခဲကြိုးစားခဲ့ရတာ မင်းလဲသိပါတယ်​ကွာ။ အခုလိုမျိုး​တော့ အဆုံးမသတ်​ချင်​ဘူး။ မင်းသာခွင့်​ပြု​ပေးရင်​Jessicaဘက်​ကလဲ လက်​ခံပါလိမ့်​မယ်​။ ငါတို့၊ မင်းတို့ Jungမိသားစု​တွေဆိုတာ အရင်​ကတည်းက မိတ်​​ဆွေ​တွေဘဲမလား ​ကျေးဇူးပြုပြီး ကူညီပါကွာKimရာ''

Mr Hwangဟာ Mr Kimထံ​တောင်းဆိုခဲ့သည်​။

Mr Kimသည်​ ငြိမ်​သက်​​နေဆဲ။
သူတို့၏ သမီး​လေး​ဟာသေသွားခဲ့ပြီ။ ကား​ပေါက်​ကွဲမှု​ကြောင့်​ အ​လောင်းကို​တောင်​ပြန်​မရနိုင်​​တော့ဘူး။
သူ၏ နှစ်​​ပေါင်းများစွာခင်​မင်​ခဲ့တဲ့သူငယ်​ချင်းက သူ့သမီး​လေး​နေရာမှာ တစ်​ခြားတစ်​​ယောက်​ကိုအစားထိုးပြီး Tiffanyနဲ့လက်​ထပ်​​ပေးဖို့ ​တောင်းဆို​နေခဲ့ ပြန်​တယ်​။ မယုံကြည်​နိုင်​​လောက်​​အောင်​ဘဲ။

နောက်​ဆုံးမှာ​တော့Mr Kimလည်း Mr Hwangရဲ့ ဆန္ဒအတိုင်း လက်​ထပ်​ပွဲကိုလက်​ခံလိုက်​ရတယ်​။
သူ့ရဲ့ ရင်​ထဲနှလုံးသားထဲမှာ​တော့ ဖြစ်​ပျက်​သွားတဲ့အ​ကြောင်းအရာ​တွေဟာ မယုံကြည်​နိုင်​စရာ​တွေပါဘဲ။
သူ့သမီး​လေးTaeyeonရဲ့​နေရာမှာ Jessicaကိုအစားထိုးပြီး Taeyeon၏ချစ်​သူTiffanyနဲ့ လက်​ထပ်ဖို့ ခွင့်​ပြုလိုက်​ရတဲ့အတွက်​လည်း သူ့ကိုယ်​သူခွင့်​မလွှတ်​နိုင်​ခဲ့ဘူး။
ဒါဆိုရင်​ ဘာ​ကြောင့်​ဒီလိုလုပ်​ခဲ့သလဲ??
သူ့သမီး​လေးက လွန်​ခဲ့တဲ့နာရီအနည်း​လောက်​ကဘဲ ကား​ပေါက်​ကွဲမှုဖြစ်​ပြီး ဆုံးပါးသွားခဲ့ပြီ။
Jessicaကို အစားထိုးလိုက်​တာဟာ အ​ကောင်းဆုံး​ရွေးချယ်​မှုဘဲ၊ သူ့သမီး​နေရာမှာ အသင့်​​တော်​ဆုံးသူကိုအစားထိုးနိုင်​ခဲ့ခြင်းဘဲ​။

"Taeyeon​ရေ...အခုအချိန်​မှာ Hwangရဲ့ဆန္ဒအတိုင်း အ​ဖေတို့လုပ်​လိုက်​ကြတာ အ​ကောင်းဖြစ်​မယ်​မဟုတ်​လား?...အ​ဖေ့သမီး​လေးရဲ့ဈာပနာ​တောင်​မလုပ်​ရ​သေးခင်​ အ​ဖေတို့​တွေဒီလိုမလုပ်​လိုက်​သင့်​ဘူး။......သမီး​လေး​ရေ....အ​ဖေမလုပ်​သင့်​ဘူး.....''

Stay In My Heart, Please (Tran)Where stories live. Discover now