do တစ်ယောက် သူငယ်ချင်းတွေ ပြောတဲ့ သူ့ကို ချစ်နေတာ လားဆိုတဲ့ အဖြေကို သူ စဉ်းစားနေမိသည် ဟုတ်ပါသည် သူ ချစ်ပါသည် play boy လေး ငယ့်ကို သူချစ်ပါသည် တစ်ခါတစ်လေ baek ဆီ အနိုင်ကျင့်ရန် လာလေ့ရှိသည့် ငယ့်ကို သူမြင်မြင်ချင်း ချစ်မိခဲ့ ပါသည် ဒါပေမဲ့ ငယ် က သူ့ ကို သတိ မထားမိခဲ့ ခုမှ ဘယ်လို ဖြသ်ပြီး ကံတရား က လှည့်ဖျားနေရပါလိမ့် ငယ့်ကို ကြောက်တယ် ငယ်က စိတ်ကစား တတ်တဲ့ အရွယ် သူ့ကို များ ကစားသွား ရင် ဆိုတဲ့ စိတ်က သူ့ကို မွန်းကြပ်စေသည် နဂိုတိုင်းလေး ပဲ က ပို အဆင်ပြေ လိမ့်မည် ငယ် ကိုကို နား ရောက်တိုင်း ကိုကို့ ရဲ့ ရင်ခုန်သံ တွေ ကို ငယ်ကြားသွား မှာစိုးတယ် ငယ့် အတွက် အပျော်ဆိုပေမဲ့ ငယ် က ကိုကို့  အတွက် ငေးကြည့်ရာလေး တစ်ခု လေး ဖြစ်လို့ ပါ ငယ် ဒီနေ့ ငယ် စိတ် မကောင်း ဖြစ်သွား တယ်ဆိုတာ ကိုကို သိပါတယ် ဒါပေ မဲ့ ကိုကို ဒီ လို တွေ ပဲ ဆက်လုပ်ဖြစ်နေ အုံးမှာ ငယ် ရယ်
____________
ကန်တင်းတွင်
kai - အဲ့ဒါနဲ့ မင်းထပြန် လာတယ်ပေါ့
sehun - ဟုတ်တယ် ကိုကို က ငါ့အပေါ် အလေး မထား ဘူး လို့ ခံ စားရတော့ ဝမ်းနည်း လို့
kai - မင်းက oh sehun မပီသလိုက်တာ အရင် က ကောင် မလေးတွေ တုန်း က ဒီလို မဟုတ်ပါဘူး
sehun - မတူ ဘူး ကွ ငါက ကိုကို့ ကို ချစ်မိသွားတာ ကိုကို က ငါ့ အတွက် နတ်သားလေးပဲ
kai - အော် အချစ်ဆိုတာ အရူးတွေ ဖြစ်သွားစေတာပဲ
sehun - ငါ ဘယ်လို လုပ်ရမလဲ kai
kai - မင်း ကိုကို ကို မင်းတကယ် ချစ်ရင် မင်း အမှန်တွေ ပဲ ချပြပေါ့ ပြီးတော့ မမေ့နဲ့ သူက ယောကျာ်း လေးတစ်ယောက်ဆိုတာ
sehun - အင်း
kai - အားတင်းထား ပါ မဖြစ်နိုင်ဘူး ဆိုတာ မရှိဘူး ခုမှ တွေ့ တာ တစ်ပတ်တောင် မရှိသေးဘူး မင်း ကိုကို ကို ဘယ်လောက်သိလဲ
sehun - အင်း ဒါပေမဲ့ ငါသိတာလေ ကိုကို က အရမ်း ရှက်တတ်တယ် ကိုကို ရှက်ရင် မျက်နှာလေး ကရဲပြီး ဟိဟိ ကိုက် စားချင်စရာလေး
ဆိုကာ kai လက်ကို ဆွဲ ကိုက်နေသည်
kai - အား မသာ သေ ပြီဟ မင်း Hyung နဲ့ မြန်မြန် တွဲ ဖြစ်မှ ပဲ နို့မို့  ငါသေလိမ့်မယ်
