Dad! - 1

687 104 53
                                    

နေ့စဉ်မပြတ် စစ်ဆေးနေမှုများကြောင့် ဥလေး၏ အခြေအနေကို တိတိကျကျ သိနေရသည် ။ ယခုဆို ဥအမှတ် (၉၉) သည် လေးလကျော်လာခဲ့ပြီ ဖြစ်သည် ။ ယခင်ဥများလို ပျက်စီးချင်သည့် လက္ခဏာရပ်များ လုံးဝမရှိ ။ သည်ဥလေး အမှန်တကယ် ဖြစ်မြောက်လာမှာပါလို့ ကျွန်တော် ပြောခဲ့သည် မဟုတ်ပါလား?

ဥသက်တမ်းသည် (၅)လသာ ဖြစ်သည်ကြောင့် ကလေးသည် (၅)လအရွယ်တွင် ဥထဲမှ ထွက်လာမည် ဖြစ်သည် ။ ဥလေးထဲတွင် ကလေးလေးသည် ကောင်းစွာကြီးထွားနေကြောင်း scan ဖတ်ခြင်းမှ သိရသည် ။ ကလေးသည် မွေးစတွင် ကြောင်ပေါက်လေးများကဲ့သို့ သေးကွေးနေနိုင်သော်ငြား မွေးပြီးတစ်ပတ်အတွင်း အဆမတန် လျင်မြန်စွာ ဖွံ့ဖြိုးလာနိုင်သည်ဟု ခန့်မှန်းထားရသည် ။ အတိအကျကတော့ ကလေးအပြင်ထွက်လာမှ သိရမည်ပေါ့ ။

ပြီးတော့ .. အရေးကြီးဆုံးတစ်ခု! ကလေး၏ လိင်အမျိုးအစားကို သိရှိရပြီ ဖြစ်သည် ။ ကလေးလေးကလေ ယောကျာ်းလေးတဲ့ ! Kim Jongdae ရဲ့သားလေး .. ♡

"Minseokkie .. ~"

ကမ္ဘာကျော်ဆေးသိပ္ပံပညာရှင် ဖြစ်နေသော်လည်း အမည်ပေးကင်ပွန်းတပ်ကိုတော့ ဗေဒင်ဆရာကို အားကိုးခဲ့ရသည် ။ ဗေဒင်ဆရာမက ကျွန်တော့်သားသားလေးအတွက် ရွေးပေးလိုက်သည့် အမည်က Minseok တဲ့ .. ။

"Minseokkie .. ~"

ဥထည့်ထားသည့် မှန်ဘောင်လေးကို ခေါက်ကာ နာမည်လေးကို အထပ်ထပ်ရေရွတ်ရင်း ထိုအဝါရောင် ဥလေးထဲက သားသားက ကျွန်တော့်အသံကို နားထောင်ပြီး ပြုံးနေမလားဟု ရူးရူးနှမ်းနှမ်း တွေးမိသည် ။

ဘယ်ပြောနိုင်မလဲ "Daddy"လို့ တိုးတိုးလေး ခေါ်ရင်လည်း ခေါ်နေနိုင်တာပဲ! ဥထဲက သူ့ပုံစံလေးကို စက်အကူမှ မပါလျှင် ကျွန်တော်မှ မသိနိုင်ဘဲရယ်ကို ။

သားဦးအရူးဆိုတာ ဒါမျိုးဖြစ်မည် .. ! ဒါတောင် သွေးရင်းသားရင်း မဟုတ်သေး ။ ကျွန်တော့်မှာ သားသားလေး အကြောင်းတွေးရင်း တစ်ရက်တစ်ရက် ပြုံးစိစိဖြစ်ရ၊ သူရှိနေတဲ့ ဥရှေ့က မခွာနိုင်ဖြစ်ရနှင့် .. အိနြေ္ဒကို မရနိုင် ။

Minseok လေးကို ကျွန်တော် သိပ်ချစ်တာပဲ ! ><

ကျွန်တော့်သားသားလေး .. ဘယ်လိုပုံလေး ထွက်လာမလဲဆိုတာကို တွေးပြီး ရင်ခုန်ရလွန်းလို့ ညညဆို အိပ်တောင် မအိပ်နိုင်ဘူး ! ဘာပဲဖြစ်ဖြစ် သားသားလေးက သိပ်ချစ်ဖို့ကောင်းမှာ သေချာပါသည် ။ ဥလေးနှင့်တောင် ကျွန်တော့်မှာ အူတွေယားနေရတာ ထွက်သာထွက်လာကြည့် ကျွန်တော့်မှာ သားသားလေးကို ချစ်လွန်းလို့ နေမထိထိုင်မသာတွေ ဖြစ်နေရတော့မှာပဲ .. !

Dad!Where stories live. Discover now