"မင်း ငါ့ကိုချစ်တယ်ဆိုပြီး နည်းနည်းလေးမှတောင် မယုံကြည်ခဲ့ဘူးလား!.."
"မဟုတ်ဘူး...တကယ်တော့ ယုံကြည်ပေးဖို့ကြိုးစားသေးတယ် ဒါပေမဲ့..."
"မင်းကို ငါကတိပေးခဲ့တာပဲလေ....မင်းကလွဲပြီး ဘယ်သူမရှိဘူးလို့!"
"ဒီမှာChoi Seung Hyun!
ကျွန်မရူးရင်ရူးနေမယ် ဒါပေမဲ့ မျက်လုံးတော့ မကန်းသေးဘူး""မင်းကိုငါရှင်းပြတယ်လေ...Eun Sooနဲ့ငါက အဲ့လိုဆက်ဆံရေးမဟုတ်ဘူးလို့!"
"မဟုတ်မှလွဲရော.....အခုအဲ့အဖြေကိုခိုင်လုံတယ်လို့တွေးနေတာလား...ရှင့်ကိုယုံကြည်ခဲ့တယ်..ဒါပေမဲ့ အဲ့ယုံကြည်မှုကို ရိုက်ချိုးခဲ့တဲ့ လူကလည်း ရှင်ကိုယ်တိုင်ပဲ....ဒီမှာတင်ရပ်ကြရအောင်..ဒီလိုပုံစံနဲ့ ကျွန်မတို့ နှစ်ယောက်လုံး ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူး"
"မင်း..တကယ်ဒီလိုလုပ်မှဖြစ်မှာလား"
"ကွာရှင်းရအောင်"
လွန်ခဲ့တဲ့ငါးနှစ် သူနဲ့ကျွန်တော်အထင်လွဲမှုတစ်ခုကြောင့် လမ်းခွဲပြီး ကျွန်တော် Americaကိုထွက်သွားခဲ့တယ်။
သူတော့ဘယ်လိုနေမလဲ မသိပေမဲ့ ကျွန်တော့်အတွက်တော့ အချိန်တွေက ရပ်တန့်နေခဲ့တာပါ။
သူနဲ့ပြန်တွေ့ရင်ကျွန်တော် အပြောချင်ဆုံးစကားက
"အရမ်းလွမ်းနေခဲ့တာ"ဒါပေမဲ့ အဲ့အခွင့်အရေးက ကျွန်တော့်ဆီမှာမှ မရှိတော့တာပဲလေ။
Seung Hyun သူမနဲ့အတူလာနေကျ ကော်ဖီဆိုင်လေးမှာ ထိုင်ရင်း ကြင်စဦးက သူမနဲ့အမှတ်တရများကို ပြန်လည်ပုံဖော်နေမိသည်။
အိမ်ထောင်သက်တမ်းက သုံးလသာ ကြာမြင့်ခဲ့သည်။
ဒါပေမဲ့သူ အဲ့အချိန်တွေကိုပြန်လိုချင်သည်။"ကိုယ်မင်းကိုဆွဲထားခဲ့သင့်တာ"
TOP ကောင်တာဘက်ကို ငွေသွားရှင်းတော့ သူနဲ့ရင်းနှီးသလိုရှိတဲ့ မိန်းမတစ်ယောက် လူတစ်ယောက်နဲ့အတူ ဆိုင်ထဲ ဝင်လာသည်ကိုတွေ့လိုက်ရသည်။
