Part-4
59 5 0
ခေတ်ဒီနေ့အလုပ်လုပ်ဖို့ရုံးခန်းကိုသွားလိုက်သည်။ မနေ့ကကိုကိုနဲ့ရုံးခန်းကိုစိတ်ကြိုက်လေးသွားပြင်ထားသည်လေ။ ခေတ်ဒီနေ့လူတျောက်နဲ့တွေ့ဖို့ရှိသည်။ သူကခေတ်ရဲ့သူငယ်ချင်းပါ။ ခေတ်တို့ကတွေ့တာနဲ့ကိုက်နေကြတာလေ😁။ သူကတော့အဆိုတော်ပေါ့။ သူ့နာမည်ကကောင်းမြတ်ပိုင်တဲ့။ သူလည်းနာမည်အတော်ရနေပါပြီ။
သူကအခုခေတ်ကိုကူညီပေးမှာတဲ့။ ဒါမဲ့သေချာတာက သူနဲ့ခေတ် ဒီနေ့အလုပ်ကိစ္စဆွေးနွေးရင်းကိုက်နေကြမယ်ဆိုတာပါပဲ။ မတွေ့ရတာလဲကြာပြီလေ။ ကိုက်တယ်ဆိုပေမယ့် ခေတ်ကတော့လူနော် သူကသာခွေး 😁😁။ စတာပါ။ သူကခေတ်ရဲ့အချစ်ရဆုံးသူငယ်ချင်းလေးပါ။ သူနဲ့က ခေတ် US ကို design သွားလေ့လာတော့မတွေ့ဖြစ်ပေမယ့် line ပေါ်မှာတော့အမြဲအဆက်အသွယ်ရှိတယ်လေ။
တွေ့တိုင်းစကားအကောင်းပြောဖြစ်တာက၁၀လုံးမှာ ၂လုံးလောက်ပဲ။ ကျန်တာကရန်ဖြစ်နေကြတာ။ ဒါမဲ့မနေ့က ခေတ်ပြန်ရောက်ပြီး design လုပ်မယ်ဆိုတော့သူက ခေတ်ကိုကူညီပေးမယ်တဲ့လေ။
အာ့ကြောင့်ဒီနေ့သူနဲ့ချိန်းထားခြင်းသာ။ သူ့အကြောင်းတွေးနေရင်းရောက်လာပြီ။ ဒီကောင်တော့အသက်ရှည်ဦးမယ်😁။
" ဟဲ့အရူးမ နင်ငါ့အကြောင်းတွေးနေတာမလား 😉😉 ''
"တွေးစရာလားအရူးရဲ့ နင်ငါ့ကိုဘယ်လိုကူညီမှာလဲပြောဦးလေ "
" ငါနင့်ရဲ့ design တွေကိုဝတ်ပေးမယ်လေ နင်ကငါ့ရဲ့ design အပိုင်းကိုတာဝန်ယူပေးလေ ငါကနင့် design တွေကိုဝတ်တာပါလို့ကြေငြာပေးမှာပေါ့ ပြီးတော့ငါ့ကိုလာငြိနေတဲ့မဒီလေးတွေကိုလဲနင့် design တွေကအရမ်းမိုက်တာလို့ပြောပေးမှာပေါ့ 😁 "
" အေးပါဟာ ဒါနဲ့ နင့်မှာချစ်သူလေးဘာလေးမရှိဘူးလား "
" မထားချင်သေးပါဘူးဟာ "
" ဘာလို့ "
" ကောင်မလေးတွေကအာရုံနောက်တယ်ဟ "
" အာ့ဆိုကောင်လေးထားပေါ့😁 ဒီမှာတော့မသိဘူး ဟိုမှာက normal ထက် yaoi yuri တွေကပိုရေပန်းစားတယ် normal အတွဲတွေကရှားတယ်ဟ "
မိုးသည်းလေးထဲကချို မြိန်တဲ့ ချစ်အနမ်းလေး Where stories live. Discover now