အကို.....
လက်တွဲဖော်ဆိုတဲ့စကားကိုအပြည့်အဝနားလည်လား.
ညီမတော့သေချာနားမလည်ဘူး အကို...
လမင်းကြီးရဲ့လက်တွဲဖော်ကနေမင်းကြီးဖြစ်သလို...
သူဘေးနားကကြယ်လေးတွေကရော...အကို...ညီမကြယ်လေးတွေကို...ချစ်တယ်...အကို...
သူတို့ကညီမနဲ့ဘဝတူတယ်...
သူတို့ဟာ....လမင်းကြီးအနီးမှာအမြဲရှိတယ်အကို...
ဒါပေမဲ့...လမင်းကြီးကကြယ်လေးတွေကိုသတိမပြု
ခဲ့ကြဘူးအကို...ခုနှစ်စဉ် ကြယ်တွေကလွှဲလို့ပေါ့အကို...
ကြယ်လေးတွေက...လမင်းကြီးရဲ့အကူအညီကို...
အမြဲပြုရတယ်အကို...
ကြယ်လေးဟာနေမင်းကြီးလောက်လမင်းကြီးကို
မပံ့ပိုးနိုင်ပေမဲ့...
လမင်းကြီးနားမှာအမြဲရှိနေတတ်တယ်အကို.....