"ယောင်းငယ်
သားလေး...လိမ္မာပါတယ်ကွာ
ပါးကိုတံခါးဖွင့်ပေးပါဦး.........."အပြင်ဘက်ကပါးခေါ်သံကိုကြားနေလျက်နဲ့
ယောင်းငယ်..ခုတင်ပေါ်မှာ
ကန့်လန့်ဖြတ်မှောက်ခုံအနေအထားအတိုင်း
တစ်ချက်မလှုပ်ရှားသလို
နားနှစ်ဖက်ကိုလက်ဖ၀ါးနှစ်ဖက်နှင့်
ဇွတ်အတင်းဖိကပ်ကာ
ပိတ်ထားလိုက်သည်။"ယောင်းငယ်"
"ယောင်းငယ်လေး...."
"ထယ်ယောင်းငယ်
ပါးခေါ်နေတာမကြားဘူးလား?!!"
ဒေါသထွက်လာပုံရသောပါးဆီက
အသံအကျယ်ကြီးကြောင့်
ယောင်းငယ်ကိုယ်လေးတုန်ခနဲဖြစ်သွားသည်။သို့သော်ငြား... .
တမင်မကြားချင်ယောင်ဆောင်ကာ
ပေကပ်ပီးမထူးဘဲနေလိုက်သည်။"ယောင်းငယ်....သားလေး"
ဒေါသနှင့်ခေါ်လို့မရပြန်တော့
ပါးအသံကညင်သာပျော့ပျောင်းလို့
သွားပြန်သည်။သို့သော်...
ပါးဘက်ကဘယ်လောက်ချော့ချော့
ယောင်းငယ်ဘက်ကတော့
ပျော့ပြောင်းသွားစရာအကြောင်းမရှိပါ။ပါးကိုယောင်းငယ်အကြီးအကျယ်
စိတ်ဆိုးနေပါသည်။"ပါးက....
ပါးရဲ့ယောင်းငယ်လေးကိုသိပ်ချစ်လို့
ယောင်းငယ်လေးကောင်းစားရေးအတွက်
အခုလိုစီစဉ်မိလိုက်တာပါကွာ...."ပါးစကားကြောင့်
ယောင်းငယ်မျက်နှာလေး
ဝမ်းနည်းစိတ်ဖြင့်ငိုမဲ့မဲ့လေးဖြစ်သွားသည်။ဟုတ်မှာပေါ့...သိပ်ချစ်တာ။
သိပ်ချစ်လွန်းလို့
အငယ်ဆုံးအထွေးဆုံး
ကိုယ့်သားနုနုထွတ်ထွတ်လေးကို
ဇွတ်အတင်းယောက်ျားပေးစားရက်တာမလား?တွေးရင်းတွေးရင်းနှင့်
ယောင်းငယ်ဝမ်းနည်းလာကာ
မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာသည်။