⭐⭐ You Don't Know ⭐⭐
⭐⭐ Part-8 ⭐⭐
ကျနော်clubမှာအလုပ်လုပ်နေတာတစ်လကျော်
ရှိနေပြီ ကျနော်အလုပ်လုပ်ရတာအဆင်ပြေပါတယ်
ကျနော်အလုပ်ကြိုးစားတော့ သူဌေးကလဲကျနော့်ကိုချစ်တယ်
လစာလဲတိုးပေးတယ် ကျနော်နောက်လဆိုတိုက်ခန်း
ငှါးနေနိုင်ပြီ အဲ့အချိန်ကျရင်Sehunပါခေါ်ပြီးအတူတူနေလိုရပြီစChanyeolအတွေးများဖြင့်အလုပ်လုပ်နေတယ်
"Chanyeolသူဌေးခေါ်ခိုင်းလိုက်လို့"
"Awwအင်းလာခဲ့မယ်"
Chanyeolလုပ်လက်စအလုပ်တွေကို လက်စသတ်ကာ
သူဌေးရှိရာသို့သွားလိုက်တယ်"Chanyeol ဒီwineကိုvipအခန်းထဲသွားပို့လိုက်
အမှန်တော့ကိုယ်တိုင်သွားပို့မလို့ပဲ ငါဒီမှာအလုပ်ကိစ္စလေး
ပေါ်လာလို့သွားလိုက်အုံးမယ် မင်းကိုဆိုငါစိတ်ချတယ်
တစ်ခြားသူကိုပို့ခိုင်းလို့ အမှားလုပ်မိသွားရင်ပြသနာတတ်ပြီ
ငါမင်းကိုစိတ်ချမယ်နော် ငါသွားပြီ"Chanyeolပြန်ဖြေချိန်တောင်မရလိုက် သူဌေးက
ပြောပြီးတာနဲ့ချက်ချင်းသွားလိုက်တာမို့ Chanyeolလဲ
သက်ပြင်းချကာ wineပုလင်းလေးယူကာအပေါ်ထပ်သို့
တက်သွားလိုက်တယ်သူကဘာမလို့လဲ သူဌေးကြည့်ရတာ သူ့ကိုကြောက်တဲ့ပုံပဲ
ထားလိုက်ပါမင်းနဲ့ဆိုင်တာလဲမဟုတ်ဘူး Chanyeol
Wineထားပြီးတာနဲ့ တန်းထွက်လာရမယ် ဘာပစ္စည်းမှ
မထိမိစေနဲ့ တော်ကြာပြသနာတတ်ကုန်မယ်Chanyeolအတွေးလေးဖြင့်အပေါ်တက်လာကာ
သူဌေးပြောတဲ့အခန်းရှေ့ရောက်တော့ တံခါးကိုအတာလေး
တွန်းကြည့်လိုက်တယ် lockမချထားတာကြောင့်
ဖြေးဖြေးချင်းတွန်းပြီးဝင်လာလိုက်တယ် အခန်းထဲရောက်တော့
Chanyeolတွေ့လိုက်တာ မိန်းကလေးအတွင်းခံတွေ
ကြမ်းပြင်ပေါ်ကျနေတယ် သေချာတာကတော့ဒီအခန်းထဲမှာ
မိန်းကလေး၂ယောက်လောက်ရှိနေမယ်ဆိုတာပဲ Chanyeol
Clubမှာအလုပ်လုပ်ရတာ စိတ်အပျက်ဆုံးက ဒီလိုမြင်ကွင်ပဲ
Chanyeolလဲwineကိုစားပွဲပေါ်တင်ပြီး အမြန်ပြေထွက်
လာမယ်လုပ်တုန်း မိန်းကလေးတစ်ယောက်အသံကြောင့်
Chanyeolအနည်းငယ်တုန်သွားတယ်