🌺1🌺

575 55 5
                                    

အချစ်​မကြီးနဲ့ ​ကောင်​​လေး။
အချစ်​ရဲ့ပမာဏအလိုက်
နာကျင်​မှုလည်းကြီးတဲ့အခါ
မင်းခံစားနိုင်​မယ်​လို့ ငါမထင်​ဘူး။

.......DEAR......

ဆိုင်​ထဲကို​ခြေလှမ်းချလိုက်​​တာနဲ့ အဲကွန်း​လေ​အေးစိမ့်​စိမ့်​အပြင်​ ခပ်​မြူးမြူးတီးလုံး​တွေနဲ့အတူဆီးကြို​လိုက်​တာ​ကြောင့်​ စိတ်​​ထဲအနည်းငယ်​ပေါ့ပါးသွားသ​ယောင်​ခံစားလိုက်​ရသည်​။
အရင်​ထိုင်​​နေကျ ​နေရာကိုလှမ်းကြည့်​မိ​တော့ သူ့ကို​စောင့်​​နေတဲ့သူက​နေရာမှာအရင်​ရောက်​နှင့်​​နေတာ​တွေ့ရသည်​။
သူတစ်​ချက်​ပြုံးလိုက်​ရင်း ထို​နေရာဆီသွားလိုက်​​တော့ သူ့​ရှေ့ကလူက ချက်​ချင်းမတ်​တပ်​ထရပ်​လိုက်​ကာ

"ဒီ​နေ့ ခင်​များကို ကျ​နော်​ ​မျှော်​​နေတာ"

"ဘာအတွက်​လဲ "

"မင်းလည်း ဒီလို​နေရာ​တွေလာတတ်​မယ်​လို့ငါထင်​မထားခဲ့ဘူး Do Kyung Soo"

ရှေ့ကလူနဲ့စကား​ပြော​နေတုန်းရှိ​ သူ့စကားမဆုံး​သေးခင်​မှာပဲ ပုခုံး​ပေါ်​ရောက်​လာတဲ့လက်​တစ်​ဖက်​နဲ့အတူ ရင်းနှီး​နေပြီးသားအသံ​ကြောင့်​​ခေါင်းငဲ့ကြည့်​မိ​တော့ သူ့ပုခုံး​ပေါ်ကလက်​ပိုင်​ရှင်​က သူရဲ့ငယ်​​ပေါင်းကြီး​ဖော်​ကြီး Byun Baek Hyun ဖြစ်​​နေ​တော့သည်​။

စိတ်​ညစ်​ညူးစွာ လေပူတစ်​ချက်​ကိုမှုတ်​ထုတ်​ပြီး သူ့ပုခုံး​ပေါ်က Byun Baek လက်​ကို ​အောက်​ဖြုတ်​ချလိုက်​ရင်းက

"ဘာလို့လဲ ငါကငါလာလို့မရတဲ့​နေရာကိုလာမိလို့လား"

"အဲ့လို​တော့ မဟုတ်​ပါဘူး ဒါ​ပေမဲ့"

"ကျ​နော်​သွားလိုက်​ဦးမယ်​"

"အင်း ​နောက်​မှ​တွေ့မယ်​"

သူ့အ​ရှေ့က​နေ ခပ်​သုတ်​သုတ်​လှည့်​ထွက်​သွားတဲ့ ​ကျောပြင်​ကျယ်​ကို​ငေးရင်း kyungsoo သက်​ပြင်းချမိသည်​။
တစ်​ချိန်​ထဲမှာပဲ အဖျက်​သမားတို့မည်​သည်​အချိန်​မ​ရွေး​နေရာမ​ရွေးရှိ​နေနိုင်​တာပဲဟုလည်း ​တွေးမိသည်​။

DearWo Geschichten leben. Entdecke jetzt