"အားး..! omma..!""မွေးတော့မယ် ခဏလေးအားတင်းထားနော်..! အယ်မွေးပြီ...ယောက်ျားလေး ဖြူဖြူဖွေးဖွေးချစ်စရာလေးကွယ်! "
အထဲက သူနာပြု ဆရာမကြီးတွေဝမ်းသာအားရနဲ့ကလေးလေးကို ပွေ့ပြီး မွေးခန်းထဲက ထွက်လာတော့...ချန်းယောလ် ပျော်လွန်းလို့မျက်ရည်တောင်ကျမိတယ်။
"ကြည့်ပါဦး...ကလေးလေးကမျက်လုံးမှေးမှေးလေးတွေနဲ့ဖွေးဖွေးလှုပ်လှုပ်လေးချစ်ဖို့ကောင်းလိုက်တာ..!"
ချန်းယောလ် လက်ထဲကို ကလေးလေးကိုကမ်းပေးလာသည်မို့ချီလိုက်တော့..အနှီထုတ်လေးနဲ့ပတ်ထားတဲ့ကလေးသေးသေးက အူယားဖွယ်အတိ။
"ချစ်ဖို့ကောင်းလိုက်တဲ့...ကလေးလေး."
ချန်းယောလ် ထိုကလေးလေးကိုချီထားရင်း ပီတိမျက်ရည်ပင်ကျလာရသည်။
"ဟို...ကလေးအမေရောအခြေနေဘယ်လိုရှိလဲ?.."
"အားလုံးကောင်းပါတယ်ရှင်..ခဏနေဝင်တွေ့လို့ရပါပြီ..."
သူနာပြုဆရာမလေးကို နှုတ်ဆက်ပြီးတာနဲ့...ကလေးလေးကို ချီပြီး သူအမေဆီခေါ်လာလိုက်သည်။တကယ့်ကိုသူအမေနဲ့တပုံစံတည်းပင်။
"ဟေးမီ...ဒါကိုယ်တို့သားလေးလေ ချစ်ဖို့ကောင်းတယ်မလား..ကိုယ်နဲ့မတူဘူးလား.."
ဟေးမီကတော့...ရီဘဲရီကာ သားကိုသူ့လက်ထဲပေးဖို့ပြောသည်မို့ ချန်းယောလ်ပေးလိုက်သည်။
"သားလေးက...ချစ်ဖို့ကောင်းတယ်နော် ဟေးမီနဲ့ပိုတူတာမဟုဘူးလား.."
"ကိုယ်နဲ့ပိုတူတာပါကွာ....သေချာကြည့်..!."
တယောက်နဲ့တယောက်စနောက်ကာ...သားလေးကို ကြည့်လိုက်တော့ နားလည်သည့်အလား လိုက်ကြည့်နေသည်။
"ဟေးမီကိုယ်တို့သားနာမည်ကို...ဘယ်လိုပေးရမလဲ.."
"်နာမည်မျိုးရိုးယူရမယ်ဆိုတော့...ပတ်ဆယ်ဟွန်းဆိုမကောင်းဘူးလား.."
"ကောင်းတယ်....အင်း Daddy သား ဆယ်ဟွန်းလေး.! ဟွန်းလေး...ဟွန်းငယ်လေး..!".
ချန်းယောလ် ထိုမွေးကင်းစကလေးသေးသေးလေးအား အူယားလွန်းလို့ ပါးဖောင်းဖောင်းအိအိလေးတွေထဲနမ်းလိုက်သည်။အသားအရည်လေးက ပိုးသားလေးလို နူးညံလွန်းလို့မထိရက်စရာ။
YOU ARE READING
❝𝐃𝐚𝐝𝐝𝐲❞{Completed}
Fanfictionရင်နှင့်ရင်း၍ပေးဆပ်လိုက်ရသော နှလုံးသားတစ်စုံ~~ (Z&U) 🖤