Fic Title - Boyfriend Material
Author name - YeolliesSakura" လေရူးတိုက်တဲ့နွေဦး...
သစ်ရွက်မကြွေသောလမ်းပေါ်မှာ မင်းကို စတွေ့ခဲ့တာ ကောင်လေး...~ "6ပေနီးပါ အရပ်အမောင်းနဲ့ ဘုရင်တစ်ပါးလို
မျက်နှာအချိုးအစားမျိုးကို ပိုင်ဆိုင်ထား
တဲ့ Park Chanyeolကို မြင်တဲ့အခါတိုင်း
ကျိန်းသေစိတ်ထဲမြင်ယောင်လာမယ့် စကားလုံး
လေးတစ်လုံး... " Boyfriend Material "သာမန်ဆိုတဲ့ စကာလုံးလေးထဲ တည်ဆောက်ထား
တဲ့ ရိုးရှင်းဘဝလေးထဲ အထက်တန်းကျောင်းသား
ဘဝကို သူငယ်ချင်းတွေနဲ့အတူ ပေါ့ပေါ့ပါ့ပါး
ဖြတ်သန်းနေခဲ့တဲ့ ကောင်ငယ်လေး....။Byun
လူကြီးမင်းပိုင်ဆိုင်တဲ့ စတော်ဘယ်ရီခင်း
ထဲက ချစ်စဖွယ်အကောင်းဆုံးသော
စတော်ဘယ်ရီသီးလေး Baekhyun ...။ထိုကောင်လေးရဲ့ ဘဝ Boyfriend Material
ဆိုတဲ့စကားလုံးရဲ့ ကိုယ်စားပြုလို့ဆိုလောက်
အောင် ပြီးပြည့်စုံတဲ့ Park Chanyeol
ဟာ နွေဦးညနေခင်းတစ်ခုမှာ စတော်ဘယ်ရီ
ဖျော်ရည်လေးတစ်ခွက်အတူ ဝင်ရောက်လာခဲ့တယ်။Chanyeollieဟာ Baekhyuneeရဲ့ နှလုံးသားငယ်ငယ်ဆီ မတော်တဆအနေနဲ တစ်သွယ် ၊ ဖန်တီးထားသယောင် တစ်ဖုံ ချဉ်းနင်း လာတဲ့အခါ...။
နုလုံးသားတနုနုဟာ ရင်ခုန်သံတွေကို ထိန်းထား
နိုင်ခဲ့သလား။ဖွဲ့ဖွဲ့နွဲ့နွဲ့တွေ ပေါပေါသီသီသုံးမထားဘဲ
ရိုးရှင်းဝါကျတွေ၊ပတ်ဝန်းကျင်အနီးအနားက
ရင်းနှီးနေတဲ့ ဥပမာ အသုံးအနှုန်းတွေကြောင့်
ဇာတ်လမ်းတစ်ပုင်္ဒဆိုတာထပ် တကယ့်အဖြစ်အပျက်တစ်ခုလို မျက်လုံးထဲ ကွင်းကွင်းကွက်ပေါ်လွင်
လာစေတာကြောင့် စာဖတ်သူရဲ့ ရင်ခုန်သံတွေကို
ဘယ်လိုမျိုး စေစားသွားလိမ့်မလဲ?!ကဲ... အခုပဲ သွားဖတ်ကြရအောင်။
ဖတ်ပြီးသားဆိုလည်း သတိရသွားပြီဆိုတော့
ပြန်ထပ်ဖတ်ကြမယ်ကွာ.. :D# ရေးပေးစေချင်တဲ့ ficလေးတွေရှိရင်
Recommandပေးပါဦး... အကုန်လုံးကို
ရေးချင်နေတော့ ဘယ်ဟာက စရမယ်မသိတော့ဘူး
ㅠㅠㅠㅠ #
YOU ARE READING
Cherished Belief
Non-Fictionမြတ်နိုးရသော ယုံကြည်ချက်။ ချစ်ခြင်းမေတ္တာရဲ့ စိတ်ဝိညဉ်တွေအကြောင်း။