#Unicode
သူ့ကြောင့်ပဲ အလွမ်းတွေကို
ကိုယ်ချစ်တတ်လာတယ် ~***************×***************
ညို ပြာရီမှိုင်းနေသော
ကောင်းကင်တခွင်လုံးမှ ဆင်းသက်လာသော
မိုးစက်မိုးဖွားငယ်လေးတို့ကြောင့်
ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစိမ်းစိုလျက်
ငြိမ်းချမ်းလှပနေသည်။မိုးသက်လေညှင်းတို့နှင့်အတူပါလာသော
ပန်းချယ်ရီများ၏ မွှေးရနံ့ကို ရူရှိုက်ရင်း
ကျဆင်းနေသော မိုးစက်ငယ်တို့ကို
ငေးမောနေမိသည်။အငွေ့ထောင်းထောင်းထနေသော
ကော်ဖီခါးခါးတစ်ခွက်နှင့်
ဖတ်စရာစာအုပ်ကောင်းများ ရှိနေပါသော်လည်း
ကိုယ့်အတွက် အရေးအကြီးဆုံးသော
လိုအပ်မှု့တစ်ခု ရှိနေသေးသည်။မိုးစက်လေတို့ကြောင့် အေးစက်လာသော
ကိုယ်ခန္ဓာကို နွေးထွေးစေမည့် သူ့ရင်ခွင်ကို
လွမ်းသည်~ကော်ဖီနံ့သင်းနေသော ကိုယ့်နှုတ်ခမ်းတို့ကို
ထွေးငုံတတ်သော သူ့ကိုလွမ်းသည်~အတူတူရှိခဲတဲ့ အချိန်တိုင်းအတွက်
သူ့ကိုလွမ်းသည်~ကိုယ့်အလွမ်းတွေကို ပိုအဆိပ်တက်စေတဲ့
မိုးစက်များကြောင့် သူ့ကို ပိုလွမ်းရသည်~တစ်ယောက်တည်းအလွမ်းတွေကို
သီကုံးနေမိစဉ် အမြဲစွဲလန်းရသည်ထက်ပိုသော
သူ့ကိုယ်ရနံ့သင်းသင်းကို လေပြည်အချု ု့ိက
သယ်ဆောင်လာသည်။
ထို့အတူ ကျောပြင်ဘက်ဆီမှ
လှုံခြုံနွေးထွေးသွားစေသော
ထွေးပွေ့မှု့ကို ရ ရှိလိုက်သည်။''မောင့်ကိုလွမ်းနေပြန်တာလား သည်းငယ် ?''
အကာအကွယ်ကင်းမဲ့နေသော ကိုယ့်ရဲ့
ခပ်ဖွေးဖွေးလည်တိုင်ထက်ရှိ နီညိုရောင်ပြောင်း
နေပြီဖြစ်သော အချစ်၏အကျွင်းအကျန်
အမှတ်အသားများပေါ် သူ့ရဲ့နွေးအိနေသော
နှုတ်ခမ်းများဟာ ပွတ်သပ်ဆော့ကစားနေပြန်
သည်။ကိုယ့်ကို အဆုံးအစွန်ထိ ပြုစားပါ Jeon...
''အလုပ်မသွားဘူးလားဟင်?''
ကိုယ့်ကျောပြင်ကျယ်နှင့်ထိကပ်နေသော
သူ့ရင်ခွင်ကျယ်ဆီ မျက်နှာအပ်ရင်း ဆိုမိလေ
တော့~

YOU ARE READING
TU ME MANQUES ( I MISS YOU )
أدب الهواة#Unicode အလွမ်းတွေဟာ လှပတယ်~ JEON JUNGKOOK × PARK JIMIN #Zawgyi အလွမ်းတွေဟာ လှပတယ်~ JEON JUNGKOOK × PARK JIMIN