ယူအာဂျောင်းကိုမိတ်ဆက်ပေးတဲ့ အစီအစဉ်ပြီးတော့ ကျန်တဲ့staff တွေအတွက်ပွဲလေးတွေဆက်ကျင်းပနေသည်... ဥက္ကဌကြီးကတော့သမီးဖြစ်သူ ယူအာဂျောင်း နဲ့အတူ shareholderတွေနဲ့တခြားကုမ္ပဏီ ဥက္ကဌ တွေကိုလိုက်နှုတ်ဆက် နေလေ၏။.နှုတ်ဆက်လာရင်းနဲ့ ယွန်းဂီ တို့နားရောက်လာတော့ ယွန်းဂီ ခပ်တည်တည် နေပြီး ဝိုင်တစ်ခွက်ကိုဖြည်းဖြည်းချင်းမော့သာက်နေလိုက်သည်။
'ဟော သူဌေးမင် လည်းရောက်နေပါလား'
ယွန်းဂီကိုမြင်တော့ ဥက္ကဌယူ လည်း လှမ်းနှုတ်ဆက်လိုက်သည်။သမီးနဲ့အရွယ်တူလောက်သာရှိသော ယွန်းဂီ ကို လေးစားသမှု နဲ့ သူဌေးမင် လို့ခေါ်လိုက်တော့ ယွန်းဂီ နှုတ်ခမ်းတွန့်ရုံလေး ပြုံးပြီး ခေါင်းလေးညွှတ်ကာ အရိုအသေပေးလိုက်၏။
ဘေးနားမှာပါလာတဲ့ အာဂျောင်း က ယွန်းဂီ မျက်နှာကိုသေချာမကြည့်သေးဘဲ ခေါင်းလေးညွှတ် အရိုအသေ ပေးလိုက်သည်။ပြန်အမော့မှာ..
'နင်..နင်..မင်ယွန်းဂီ မဟုတ်လား'
မထင်မှတ်ထားသူ နဲ့ ရုတ်တရက် ပြန်တွေ့ရလိုက်ရတော့ အာဂျောင်း တော်တော်အံသြသွားတာပေါ့။တစ်ချိန်က သူမ နှိမ်ခဲ့သူဟာ အခုလို သူဌေးတစ်ယောက်၊ကုမ္ပဏီတစ်ခုကိုအုပ်ချုပ်နေရတဲ့သူ တစ်ယောက်ဖြစ်နေလိမ့်မယ်လို့လည်း တွေးထားခဲ့ပုံမရ။
'သမီး..ယွန်းဂီ နဲ့ မိတ်ဆွေတွေလား'
အဖေ ဖြစ်သူ ကို အဖြေပြန်မပေးနိုင်။အံ့အားသင့်မှုက သူမကို လွှမ်းမိုးနေတုန်းလေ။အရင်တုန်းကယွန်းဂီအပေါ် ပြောဆိုခဲ့တာတွေအပေါ် နောင်တ ရလာသလို။ပြန်တွေ့တာတောင်သူ့ကိုဒီလိုအခြေအနေနဲ့ပြန်တွေ့ရမယ်လို့လည်း မမျှော်လင့်ထားတော့ နည်းနည်းလည်း တုန်လှုပ် နေပြီပေါ့။
အာဂျောင်း တစ်ယောက်တည်း ဖြစ်နေတာကို ရိပ်စားမိတဲ့ ယွန်းဂီ က နှုတ်ခမ်းကို တွန့်ချိုးကာပြုံးလိုက်ပြီး
'ဥက္ကဌယူ..ကျွန်တော်နဲ့ အာဂျောင်းရှီ က ကျောင်းတုန်းက classmate တွေပါ..အာဂျောင်းရှီ က ကျွန်တော့် ကိုပြန်တွေ့ရတော့ အံသြနေပုံရတယ်'
ယွန်းဂီ ပြောရင်းနဲ့ ရယ်သံစွက်လိုက်တော့ ဥက္ကဌယူ ကလည်း လိုက်ပါရယ်ရင်းနဲ့
'အင်းလေ သမီးကလည်း သူငယ်ချင်းကိုပြန်တွေ့တာအဲ့လောက်လန့်စရာလိုလို့လားကွယ်' သမီးဖြစ်သူကိုနောက်သလိုပြောပြီး ပခုံးကိုပုတ်လိုက်တော့မှ အာဂျောင်း တစ်ယောက် အိပ်ရာကနိုးလာသလို အသိစိတ်ပြန်ဝင်လာသည်။
YOU ARE READING
SORRY < HIATUS >
Fanfictionမင်ယွန်းဂီ 'Sorry..မင်းကို ချစ်တယ်လို့ မပြောနိုင်သေးလို့' ဂင်ရင်းမ် 'ရင်းမ် ကတော့ ကို့ကိုအမြဲချစ်နေမှာမို့ မုန်းဖို့ကိုမတောင်းဆိုပါနဲ့'