အပိုင်း(၂၀)

2.4K 154 3
                                    

Zawgyi. ....

ကား​ပေါ်တွင်​...

"ငါတို့ကလင်​မယားနဲ့တူလို့လား"

"မသိဘူး​လေ.."

"ရည်းစားလို့အထင်​ခံရရင်​​တောင်​​​ဖြေသာ​သေးတယ်​..ဘာလဲ..ငါ့လိုငယ်​ငယ်​​လေးက​ယောက်ျားယူစရာလား"

"ပွစိပွစိလုပ်​တာ​တော်​ပါ​တော့.."

နှင်းပွင့်​ နှုတ်​ခမ်းဆူကာဟိုဘက်​လှည့်​သွားသည်​။

"Hey..အိပ်​ရင်​ငါ့ကိုမှီအိပ်​လို့ရတယ်​​နော်​.."

"ဘာရယ်​..ဆု​တောင်း​လေ..ငါကမှီမအိပ်​တတ်​ဘူး"

"အပို​တွေ..ငါတို့ဝရံတာမှာတစ်​ညလုံးရှိ​နေတုန်းကကျ​တော့..ငါ့ကိုမှီအိပ်​ပြီး​တော့..ဒီမှာသိပ်​ကြီးကျယ်​မ​နေနဲ့..ငါကနင့်​ကို​စေတနာနဲ့​ပြောတာ"

"ဝရံတာကကိစ္စကိုအတိတ်​မှာထားခဲ့..​နောက်​​ကြောင်းပြန်​မ​ဖော်​နဲ့"

"အတိတ်​ကိုပြန်​​ဖော်​သင့်​​ဖော်​ရမှာပဲ"

"အတိတ်​ကိုအတိတ်​မှာပဲထားခဲ့စမ်းပါ"

"မ​နေ့ကဆိုတာလည်းအတိတ်​ပဲ..လွန်​ခဲ့တဲ့တစ်​စက္ကန့်​ကလည်းအတိတ်​ပဲ..အတိတ်​ကကိစ္စ​တွေက​မေ့လိုက်​တာပို​ကောင်းတယ်​..ငါ​တောင်​မျက်​နှာပိုးမ​သေတဲ့နင့်​ကိုအမြင်​ကတ်​ခဲ့တာကို​မေ့ပြီးသူငယ်​ချင်းဖြစ်​ခဲ့တာပဲ..."

"ဒါဆိုနင်​အတိတ်​ကသင်​ခဲ့တဲ့စာ​တွေကို​မေ့လိုက်​ပါလား..ဒါမှနင်​သူငယ်​တန်းက​နေမတက်​ရမှာ.."

"စကားကိုကတ်​မ​ပြောနဲ့..​မေ့သင့်​တဲ့အတိတ်​ပဲ​မေ့ရမှာ​ပေါ့"

"Haha..."

"အကျယ်​ကြီးမရယ်​နဲ့​လေ..သူများ​တွေအ​နှောင့်​အယှက်​ဖြစ်​ကုန်​မယ်​.."

"ရယ်​မှာပဲ...haha.."

"နင်​က​တော့ပါးစပ်​ကိုငါပိတ်​ထားမှရမယ်​ထင်​တယ်​.."

"ငါက​တော့..မထင်​.."

ဝေယံစကားမဆုံးခင်​..နှင်းပွင့်​ လက်​က​ဝေယံပါးစပ်​​ပေါ်သို့..​ရောက်​နှင့်​​နေပြီ..

ချစ်ခြင်းဆုံမှတ်👉❤👈(Completed)Место, где живут истории. Откройте их для себя