စူးရှတဲ့နေရောင်ခြည်ကြောင့် သူ့ရဲ့မျက်လုံးတို့မှုန်ကုပ်စွာဖြင့်ပွင့်လာသည်...
စောင်ကိုခေါင်းမြီးခြုံကာ"အမေ အဲ့တာလေးပြန်ပိတ်ပေးပါ သားအိပ်လို့မရဘူး"
"ဟဲ့နင့်ကိုလာနှိုးတာလေ ပြန်အိပ်ခိုင်းဖို့မဟုတ်ဘူး ထတော့ လယ်ထဲဆင်းရမယ်လေ"
"သိပါတယ်အမေကလဲ ခနလေးပဲ"
Jk အမေ ခြုံထားတဲ့စောင်ကြီးကိုဆွဲချလိုက်ပီး
"မရဘူး အခုထ အပျင်းကြီးမနေနဲ့"
"အင်းပါ ထပါပီအမေရာ နားတွေလဲညီးလိုက်တာ"
"မျက်နှာသစ်ပီးထမင်းလာစား"
"ဟုတ်ကဲ့ပါဗျာ....မွ"
"ဒီခလေးကတော့ခုထိ ခလေးစိတ်ကိုမကုန်သေးဘူး"
"သားက ခလေးပဲဟာကို"
"အမလေး လာချွဲမနေနဲ့ မြန်မြန်လုပ် ထမင်းစားပီး အလုပ်လုပ်ရမယ်"
"nae...."
ကျနော့ အမေကလေကျန်းမာရေးသာမကောင်းတာ လူကိုတော့အော်နိုင်တယ် အမြဲကြီးနေထိုင်မကောင်းတာမဟုတ်ပဲ နှလုံးရောဂါကြောင့် အမေ့ကိုအတတ်နိုင်ဆုံးစိတ်ချမ်းသာအောင်ထားတယ် အမေကနှလုံးရောဂါရှိတာကလွှဲရင်ကျန်တာအကုန်အဆင်ပြေပါတယ်...
မအိုသေးပဲနုပျိုနေဆဲဖစ်တဲ့ကျနော့အမေကတော့ ကျနော့ဘ၀ရဲ့အလင်းရောင်ပါပဲ
အမေ့ကြောင့်ကျနော်အရာရာကိုရင်ဆိုင်ရဲနေတာ အေးဆေးတဲ့ကျနော့ရဲ့အကျင့်ကလဲ အမေနဲ့တူတာပဲလေ ကျနော်တို့ကိုဆင်းရဲလို့မခေါ်မပြောချင်တဲ့သူတွေရှိသလို ကျနော်တို့တွေကစိတ်ရင်းကောင်းပီးရိုးသားတယ်ဆိုတာသိတဲ့သူတွေကတော့ ကျနော်တို့သားအမိအပေါ်ကောင်းကြပါတယ် အထူးသဖြင့် ကျနော့ရဲ့သူငယ်ချင်းလေး chimပေါ့...
သူမက ရွာရဲ့မရှိမဖစ်လို့ပြောရမယ့်သူလေးတယောက်ပေါ့ သူမဟာတည်ကြည်တယ်ချောမောတယ် ပညာတတ်ပိုက်ဆံကလဲရှိ ချစ်စရာလဲကောင်းတဲ့ဆရာဝန်မလေးဆိုတော့ လူချစ်လူခင်ပေါတဲ့အပြင် သူ့ကိုလိုက်ပိုးကြတဲ့သူတွေလဲအများသားပေါ့ သူကရုပ်ချောရုံတင်မကဘူး စိတ်ထားလေးပါကောင်းသေး ကျနော်တို့သားအမိအပေါ်အကောင်းဆုံးသူလို့လဲပြောလို့ရတယ် အဆင့်အတန်းမခွဲခြားပဲ ရင်းနှီးပျူငှါတဲ့သူမကို ကျနော်လေးစားတယ် သူကကျနော့ဘ၀တွက်အကောင်းဆုံးထဲကတခုပါပဲ....
YOU ARE READING
သူနှင့်သူမ
Fanfictionမင်းသိပ်ဆိုးတယ် ဒါပေမဲ့မင်းမို့လို့ကိုယ်ချစ်တယ်... ကျမမချစ်တတ်ဘူး ဒါပေမဲ့ရှင်နဲ့မှချစ်တတ်ခဲ့တယ်....