အပိုင်း(၁)

606 15 6
                                    

မြူနှင်းများ သိုင်း​ဝေ​နေ​သော ​​ဆောင်းရာသီ၏ မနက်​ခင်းအခာသမယသည်​ လူသားတို့အား အိမ်​မက်​ကမ္ဘာတွင်း တိုး၍ ရစ်​မူး​စေသည်​။

လမ်း​ဘေးတစ်​ဖက်​တစ်​ချက်​စီရှိ သစ်​ပင်​များမှာလည်း နှင်းစက်​​လေး​တွေ ခိုသီလို့​နေ​လေသည်​။ လမ်း​ဘေးမီးတိုင်​များမှာလည်း မနက်​ခင်း မိုးမလင်းတလင်းအချိန်​တွင်​ မှိတ်​တုတ်​မှိတ်​တုတ်​ လင်း​နေ​ပေ​သေးသည်​။

ယခုလိုအချိန်​မျိုးသည်​ လူတချို့အတွက်​​တော့ အလုပ်​လုပ်​ရန်​ပြင်​ဆင်​​နေရသည့်​အချိန်​ပင်​ဖြစ်​သည်​။ ​ဈေးသည်​တို့သည်​ ​ဈေ​ရောင်းရန်​ ကြက်​ဖတွန်​သည့်​ အချိန်​မှစ ပြင်​ဆင်​ရသည်​။ အိမ်​ရှင်​မတို့သည်​လည်း သူမတို့၏ သားသမီး ခင်​​ပွန်းတို့ စား​သောက်​ရန်​အတွက်​ ချက်​ပြုတ်​ပြင်​ဆင်​ရသည်​။ ထိုသူများထဲတွင်​ သူတို့မိသားစုလည်း အပါအဝင်​ပင်​ဖြစ်​သည်​။

သူ......သူဆိုတာ တက္ကသိုလ်​​ကျောင်းသားတစ်​​ယောက်​ဖြစ်​တဲ့ သျှားဆက်​ဦး။

သျှားဆက်​ဦး တ​​စ်ေ​ယာက်​အိပ်​​နေချိန်​တွင်​ တရားသံတိုးတိုး​လေးကြားလိုက်​ရသဖြင့်​ အကျင့်​ရ​နေပြီဖြစ်​​သောမျက်​လုံးတို့က အလိုလိုဖွင့်​လိုက်​မိသည်​။ ထို့​နောက်​ လူပါ အိပ်​ရာက ထလိုက်​ကာ အခန်းတွင်းမီးဖွင့်​၍ နံကပ်​နာရီကို တစ်​ချက်​ ​မော့ကြည့်​လိုက်​မိသည်​။ ထင်​သည့်​အတိုင်း မနက်​​လေးနာရီခွဲ။

ဤအချိန်​သည်​ ​​​မေ​မေ ​ကောက်​ညှင်း​ပေါင်းထ​ပေါင်းသည့်​အချိန်​ဖြစ်​သည်​။ အ​မေသည်​ အိပ်​ရာထသည်​နှင့်​ တရား​ခွေဖွင့်​တတ်​သည့်​ အကျင့်​ရှိသည်​။ထိုတရားသံကြားတိုင်းလည်း ကျွန်​​တော့်​မနက်​ခင်းစတင်​ချိန်​ဖြစ်​သည်​။ ထို့​နောက်​ မျက်​နှာသစ်​ရန်​ ​ရေချိုးခန်းစီသို့ဦးတည်​ရင်း ကျွန်​​တော်​တို့မိသားစုအ​ကြောင်း​ အ​တွေး​​ရောက်​သွား​​တော့သည်​။

ကျွန်​​တော်​​တို့မိသားစုတွင်​ ကျွန်​​တော်​သည်​ အကြီးဆုံးသားဖြစ်​သည်​။ ကျွန်​​တော့်​တွင်​ အ​ဖေ မရှိ​တော့ အ​မေနှင့်​ ညီ​လေးတစ်​​ယောက်​သာရှိသည်​။ ကျွန်​​တော်​ငယ်​စဉ်​က အ​ဖေသည်​ ကျွန်​​တော့်ရဲ့စူပါဟီးရိုးကြီးတစ်​​ယောက်​ဖြစ်​ခဲ့ဖူးသည်​။ သို့​သော်​ နိုင်​ငံ့အတွက်​ အသက်​စွန့်​ရန်​ အသင့်​ဖြစ်​​နေရသည့်​ အ​​ဖေသည်​ ​​ရှေ့တန်းတွင်​ ကျဆုံးခဲ့​လေသည်​။ ထိုအချိန်​တွင်​ ကျွန်​​တော့အသက်​ ၁၁နှစ်​သာရှိ​သေး၏။

You've reached the end of published parts.

⏰ Last updated: Dec 22, 2018 ⏰

Add this story to your Library to get notified about new parts!

အပြစ်​မဲ့ ချစ်​ခြင်းWhere stories live. Discover now