မြူနှင်းများ သိုင်းဝေနေသော ဆောင်းရာသီ၏ မနက်ခင်းအခာသမယသည် လူသားတို့အား အိမ်မက်ကမ္ဘာတွင်း တိုး၍ ရစ်မူးစေသည်။
လမ်းဘေးတစ်ဖက်တစ်ချက်စီရှိ သစ်ပင်များမှာလည်း နှင်းစက်လေးတွေ ခိုသီလို့နေလေသည်။ လမ်းဘေးမီးတိုင်များမှာလည်း မနက်ခင်း မိုးမလင်းတလင်းအချိန်တွင် မှိတ်တုတ်မှိတ်တုတ် လင်းနေပေသေးသည်။
ယခုလိုအချိန်မျိုးသည် လူတချို့အတွက်တော့ အလုပ်လုပ်ရန်ပြင်ဆင်နေရသည့်အချိန်ပင်ဖြစ်သည်။ ဈေးသည်တို့သည် ဈေရောင်းရန် ကြက်ဖတွန်သည့် အချိန်မှစ ပြင်ဆင်ရသည်။ အိမ်ရှင်မတို့သည်လည်း သူမတို့၏ သားသမီး ခင်ပွန်းတို့ စားသောက်ရန်အတွက် ချက်ပြုတ်ပြင်ဆင်ရသည်။ ထိုသူများထဲတွင် သူတို့မိသားစုလည်း အပါအဝင်ပင်ဖြစ်သည်။
သူ......သူဆိုတာ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ သျှားဆက်ဦး။
သျှားဆက်ဦး တစ်ယောက်အိပ်နေချိန်တွင် တရားသံတိုးတိုးလေးကြားလိုက်ရသဖြင့် အကျင့်ရနေပြီဖြစ်သောမျက်လုံးတို့က အလိုလိုဖွင့်လိုက်မိသည်။ ထို့နောက် လူပါ အိပ်ရာက ထလိုက်ကာ အခန်းတွင်းမီးဖွင့်၍ နံကပ်နာရီကို တစ်ချက် မော့ကြည့်လိုက်မိသည်။ ထင်သည့်အတိုင်း မနက်လေးနာရီခွဲ။
ဤအချိန်သည် မေမေ ကောက်ညှင်းပေါင်းထပေါင်းသည့်အချိန်ဖြစ်သည်။ အမေသည် အိပ်ရာထသည်နှင့် တရားခွေဖွင့်တတ်သည့် အကျင့်ရှိသည်။ထိုတရားသံကြားတိုင်းလည်း ကျွန်တော့်မနက်ခင်းစတင်ချိန်ဖြစ်သည်။ ထို့နောက် မျက်နှာသစ်ရန် ရေချိုးခန်းစီသို့ဦးတည်ရင်း ကျွန်တော်တို့မိသားစုအကြောင်း အတွေးရောက်သွားတော့သည်။
ကျွန်တော်တို့မိသားစုတွင် ကျွန်တော်သည် အကြီးဆုံးသားဖြစ်သည်။ ကျွန်တော့်တွင် အဖေ မရှိတော့ အမေနှင့် ညီလေးတစ်ယောက်သာရှိသည်။ ကျွန်တော်ငယ်စဉ်က အဖေသည် ကျွန်တော့်ရဲ့စူပါဟီးရိုးကြီးတစ်ယောက်ဖြစ်ခဲ့ဖူးသည်။ သို့သော် နိုင်ငံ့အတွက် အသက်စွန့်ရန် အသင့်ဖြစ်နေရသည့် အဖေသည် ရှေ့တန်းတွင် ကျဆုံးခဲ့လေသည်။ ထိုအချိန်တွင် ကျွန်တော့အသက် ၁၁နှစ်သာရှိသေး၏။
ESTÁS LEYENDO
အပြစ်မဲ့ ချစ်ခြင်း
Romanceပထမဆုံး ရေသားခြင်းဖြစ်သည့်အတွက် လိုအပ်ချက်များအား ဝေဖန်ထောက်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်......