ဒုန်း*
*မင်းတို့ သူ့ကိုမတွေ့မချင်း ပြန်မလာကြနဲ့ *
အလုပ်က ပြန်ရောက်လျှင်ချင်းပဲ အိမ်က ကလေးငယ် ပျောက်သွားတယ်ဆိုတဲ့ သတင်းကြောင့် လူက အမောဆို့ကာ ဒေါသပါထွက်မိသည်.....
အချိန်တန်ပြန်ရောက်လာမယ်မှန်း သိတာမို့ သူကိုယ်တိုင်တော့ ထွက်မရှာဖြစ်ခဲ့...
အိမ်တော်တွင် အခိုင်းအစေနဲ့ Bodyguards အယောက်ပေါင်းများစွာ ရှိရက်နှင့် ဒီကလေးငယ် ထွက်ပြေးသည်ကို ဘာကြောင့် မသိကြရသနည်း????
အစိုးမရသော စိတ်တို့ကို တည်ငြိမ်ဖို့အတွက် ဝီစကီထဲ ရေခဲထည့်ပြိး သောက်မိလိုက်သည်....
လည်ချောင်းတစ်လျှောက်ပူဆင်းသွားတဲ့ ဝီစကီအရသာက ရင်ထဲက အပူကို မမှီ....*ခွမ်း
ထိုကလေးငယ် ခနခနထွက်ပြေးနေရသည့် အကြောင်းကို ပြန်တွေးမိတိုင်းဒေါသထွက်သည်မို့ သောက်လက်စခွက်ကို နံရံကို ပစ်မိတော့ ဖန်ခွက်က အစိတ်စိတ်အမွှာမွှာ...
*အ! ကိုကို *
အခန်းထဲဝင်လာတဲ့ ကလေးငယ်က ဖန်ကွဲစကို မမြင်ပဲ တက်နင်းမိတာကြောင့် ခြေဖဝါးနုနုမှာ စိုက်ဝင်သွားကာ သွေးတွေ ချင်းချင်းနီလျက် ~~~~
*ဟင်! Baby ဘယ်ထိသွားတာလဲ ကိုယ့်ကိုပြစမ်း *
စိုးရိပ်စိတ်ကြောင့် ငယ်ထိပ်သွေးတက်ဆောင့်သလို..သွေးတွေနဲ့ Baby့ နားပြေးသွားကာ ချက်ချင်းပွေ့ချီပီး ကပျာကယာ ခုတင်ပေါ်ချပေးတော့ မျက်နှာငယ်လေးနဲ့ Baby က လိုက်ကြည့်နေသည်..
အနားက ဆေးသေတ္တာကို ယူကာ ခြေထောက်နုနုလေးကို ဒူးပေါ်တင်လိုက်ပြီး ဆေးထည့်ပေးလိုက်တော့ စပ်၍ထင် တွန့်ခနဲ ဖြစ်သွားသည်...*ဟင်း*
*ကိုကို ကျွန်တော်တောင်းပန်ပါတယ်... မွန်းကျပ်လာတာနဲ့ အပြင်ထွက်မိတာပါ*
*ကိုကို Baby့  ကိုအပြစ်မတင်ပါဘူး...ဥာဥ့်နက်နေပီ အိပ်တော့နော်..*
နဖူးပေါ် အနမ်းပေးကာ အိပ်ခန်းအပြင်ကနေ ထွက်လာတဲ့ အထိ Baby က ခုတင်ပေါ်မှာ ထိုင်နေတုန်း..