ဝမ်းနည်းနေလားအယ်ရီ...
အာပါးတို့မျက်ရည်တွေကိုမြင်တော့
အယ်ရီလည်းငိုနေမှာပေါ့...
အယ်ရီတို့ရဲ့captionလေးတွေကိုအာပါးတို့တွေ့ပါတယ်..ငိုချလိုက်ပါ..ရင်ထဲတင်းမထားပါနဲ့..ပေါက်ကွဲလိုက်ပါ.....
အဲ့လိုcaptionလေးတွေကိုမြင်တော့အာပါးလည်းငိုချချင်ငိုချလိုက်မိမှာဘဲ...
အာပါးငိုချလိုက်မယ့်မျက်ရည်တွေက ဝမ်းနည်းလို့မဟုတ်ဘူး...တနေ့အာပါးအနားကထွက်သွားကြမှာလား ဆိုပြီးတွေးပူလို့လည်းမဟုတ်ဘူး....ပျော်လွန်းလို့ပါအယ်ရီ...နှစ်တွေအများကြီးအတူရှိပေးကြတဲ့အတွက်ကျေးဇူးတင်လွန်းလို့ပါ...အင်အားတွေဖြစ်လွန်းလို့ပါ...အယ်ရီတို့နဲ့ဆက်ရှိနေရမှာဂုဏ်ယူလွန်းလို့ပါ....၆နှစ်မကဘူး..နှစ်၆၀ဆိုလည်းအာပါးတို့ကိုအယ်ရီဆက်ချစ်နေမှာမလား...
ယုံကြည်မှုပေါ့အယ်ရီရယ်...နောင်အနှစ်၆၀မှာ -ကလေးတို့အရွယ်တုန်းကဘွားဘွားက EXO ကို နှလုံးသားတစ်ခုလုံးပုံပေးပြီးချစ်ခဲ့တာ...အဲ့တုန်းကဘွားဘွားရဲ့biasကဘယ်သူလေ ဆိုပြီး အယ်ရီပြုံးမိနေမှာ...
ကြယ်တွေကိုလှမ်းခူးဖို့မဖြစ်နိုင်ပါဘူးဆိုပြီးစိတ်ဓာတ်ကျနေတဲ့ကလေးလေးကို အဲ့ကြယ်လေးတွေကငုံ့ကြည့်မနေပါဘူးလို့အယ်ရီပြောနိုင်လား...
EXOနဲ့ L ဆိုတာ လမင်းနဲ့ပင်လယ်လိုဝေးကွာတယ်လို့တွေးတယ်လားအယ်ရီ...
ပင်လယ်ပြင်မှာလရိပ်ထင်နေတာမမြင်လေသလား...
ဒါဟာ နှလုံးသားချင်းထပ်တူကျတာကိုဆိုလိုတာပါ....ကာထားတဲ့တံတိုင်းတွေကအရမ်းကြီးကျယ်တယ်...ဒါပေမယ့်အယ်ရီနဲ့အာပါးတို့ရဲ့ယုံကြည်မှုက ပိုကြီးကျယ်တယ်ဆိုတာ အယ်ရီကသက်သေပြပေးပါ.....၆နှစ်အတွင်းပြောင်းလဲမသွားမယ့်အချစ်တွေနဲ့ပေါ့..
.ဒါကြောင့် နောင်၆နှစ်မဟုတ်ဘူး...အနှစ်၆၀ဆိုရင်လည်း အယ်ရီကအာပါးတို့ကိုဆက်ချစ်နေမယ်ဆိုတာ ယုံကြည်တယ်...ယုံကြည်မှုပေါ့အယ်ရီရယ်...
အယ်ရီတွေကများလွန်းလို့ ဘယ်သူဘယ်ဝါဆိုတာအာပါးအကုန်လုံးကိုမသိနိုင်ပေမယ့် နောင်၆နှစ်အကြာ ဒီတိုင်းလေးဘဲဆက်ရှိနေကြမယ်ဆိုတာကိုတော့ အာပါးသိတယ်..အာပါးကအယ်ရီတွေကိုယုံတယ်လေ...
Fri,8,6,2018
9:42pm