ယခင် ။
အိမ်ဆိုတာ ငါမသိဘူး ။ မိသားစုဆိုတာ ငါမသိဘူး ။ ငါ့နာမည်တောင် ငါမသိဘူး ။ ငါက ကလေးပဲရှိသေးတယ်လို့တော့ ငါသိတယ် ။
အချိန်အားတိုင်း အရောင်အသွေးစုံစုံ တောင်လိုပုံပင်နေတဲ့ အမှိုက်ပုံကြီးထဲ ငါခေါင်းထိုးအိပ်တယ် ။ ကြာလာတော့ မစင်ထက်ဆိုးတဲ့အနံ့တွေ ငါ့ကိုယ်မှာဆွဲလာတယ် ။ အဲဒါမို့ လူတွေက ငါ့ကိုဆိုရှောင်လာကြတာ ။
ခွေးတွေနဲ့အစာလုစားရတာ နားချင်ပြီ ။ ခွေးစာလာကျွေးတဲ့လူတွေက ငါ့ကိုအုတ်ခဲတွေနဲ့ ပစ်ကြတယ် ။ တခြား ငါလို့ကလေးတွေက လူကြီးတစ်သိုက်နဲ့ပါသွားကြပြီး ကောင်းကောင်းစားရတယ် ။ တောင်းစားတဲ့အလုပ်လို့ပြောတော့ ငါလည်း ဒီလူကြီးတွေဆီသွားလိုက်တယ် ။ ဒါမဲ့ လူကြီးတွေက ငါ့မျက်လုံးကိုနှိုက်ထုတ်တာမျိုး ဒါမှမဟုတ် ခြေကျိုး လက်ကျိုး တစ်ခုခုဖြစ်အောင် လုပ်ချင်ကြတယ် ။ ဒါမှ တောင်းစားတဲ့အခါပိုက်ဆံရမှာတဲ့ ။
တခြားကလေးရဲ့ မျက်လုံးတွေဖောက်ထုတ်နေတုန်း ငါသွေးရူးသွေးတန်းထွက်ပြေးမိတယ် ။ လူကြီးတွေက ငါတစ်ယောက်လျော့သွားလို့ ဘာမှမဖြစ်တဲ့ပုံပဲ ။ ငါ့နောက်ကိုဆက်မလိုက်ကြတော့ဘူး ။
ဗိုက်ဆာနေပေမဲ့ ငါ့မျက်လုံးတွေကို ငါသဘောကျတယ် ။ ညဘက်ကိုကြောက်တယ် ။ ငါမမြင်ရတော့ရင် ငါ့ကိုခြင်တွေကိုက်ကြမှာ ။ ဆာလောင်လာတဲ့အခါ မိန်းမကြီးတွေအဝတ်လာလျှော်နေကျ မြစ်ထဲကရေတွေကိုပဲ နတ်သုဒ္ဓာလို အငမ်းမရသောက်တယ် ။
အဝတ်တွေကစိမ့်ထွက်လာတဲ့ ဆပ်ပြာရည်နဲ့ ရှားရှားပါးပါး ငါရေချိုးတတ်တယ် ။ ဘာသာရေးပွဲတွေလုပ်ရင် ဒီမြစ်မှာ လူကြီးသူကောင်းတွေက ခေါင်းလျှော်ကြတယ် ။ ဆာလောင်နေတဲ့ ဟင်းလင်းပြင် ဗိုက်နဲ့ လျှောက်သွားတဲ့အခါ ငါ့ဒူးတွေက ငါ့ကိုမထိန်းနိုင်တော့ဘူး ။ ဘုံးခနဲ ဘိုင်းခနဲ လဲလဲကျသွားတာ များလာတော့ ငါမခံနိုင်တော့ဘူး ။ ဗိုက်ဆာနေပေမဲ့ စားစရာမရှိတဲ့အတွက် ငါလည်းဘာမှလုပ်လို့မရဘူး ။
YOU ARE READING
Heaven Or Hell [Hiatus]
RandomHeaven without u , Hell with u , Tell me ? Heaven or Hell