Before ..... ။
" ကားမှန်ချလို့ရလား ? "
မျက်နှာသစ်ဦးကြီးက စိတ်မပါသလို ခေါင်းငြိမ့်ပြတယ် ။ တ,ထစ်ချင်းနှိမ့်ကျသွားတာ ကားမှန်မဟုတ်ဘဲ ငါ့ရင်ထဲကအစိုင်ခဲတုံးကြီး ဖြစ်စေချင်တယ် ။ လယ်ကွင်းပြင်တွေကလွဲပြီး မြင်ကွင်းကပြောင်တလင်းခါအောင်ရှင်းနေတယ် ။ အရှေ့ကြည့်ရင် ကောင်းကင်ပေါ်ထောင်တက်နေတယ်လို့ထင်ရတဲ့ လမ်းမဖြောင့်ဖြောင့်ကြီးရှိတယ် ။ တကယ်တော့ လမ်းက ထောင်တက်နေတာမဟုတ်ဘူးဆိုတာ သုံး,လေး ရက်လောက်ကြာမှ ငါသိတယ် ။ ငါ့မျက်လုံးကိုတောင် မယုံချင်သလိုလိုဖြစ်သွားတယ် ။ ဒါပေမဲ့လည်း ငါ့မျက်လုံးတွေကို သဘောကျတဲ့အတွက် သူလဲတခါတလေအမှားလုပ်နိုင်တယ်ဆိုပြီး ငါဒီကိစ္စကိုမေ့ထားလိုက်တယ် ။ နောက်ကိုလှည့်ကြည့်ရင်တော့ မဆိုသလောက်မူးသလိုခံစားရတယ် ။ နောက်ဆုံးအနေနဲ့ ဘယ်ဘက်ယိမ်းလိုက် ညာဘက်ယိမ်းလိုက် ဂဏှာမငြိမ်တဲ့စပါးနှံတွေပဲ အာရုံထားလိုက်တယ် ။ သူတို့ကြားထဲက နေထွက်တယ် .... နေဝင်တယ် ။ လထွက်တယ် .... လဝင်တယ် ။
ငါ ဒီကားကြီးပေါ်တရွတ်ဆွဲပါလာတာ ရက်တော်တော်ကြာပေမဲ့ ဘယ်ကိုသွားနေတာလဲဆိုတာမျိုး မမေးမိဘူး ။ သူပြောလဲ ငါသိမှာမဟုတ်သလို သူက ငါ့မေးခွန်းကိုအလေးထား ဖြေမယ့်ပုံလဲ မပေါ်ဘူး ။ ငါ အပေါ့တော်တော်သွားချင်တဲ့တနေ့မှာ သူ့ကို "ကားမောင်းတဲ့ဦးကြီးရေ" လို့ခေါ်လိုက်တော့ ဟစ်ခနဲရယ်တယ် ။ နောက်ဆိုရင် အပေါ့သွားသွား, အလေးသွားသွား, သူသွားတဲ့အချိန်မှာပဲ တခါထဲကိစ္စရှင်းဖို့ပြောတယ် ။ သူ ကားရပ်ချိန်အပိုမရှိချင်ဘူးလဲ ပါသေးတယ် ။ အဲအချိန် သူပြောတာတွေ ငါ့ခေါင်းထဲမရောက်တဲ့အကြောင်းအရင်းကတော့ ငါ့အပေါ့သွားတဲ့အရာပေါ်မှာ အမွှေးတွေဘာလို့ပေါက်လာလဲ စဉ်းစားနေမိလို့လေ ။
အားလုံးဟာတရေထဲကိုသောက်ကြတယ် ။ နွားတွေက နို့ထုတ်ရင်းအချိန်ကုန်သလို မြွေတွေဟာလည်းအဆိပ်ထုတ်ရင်း အချိန်ကုန်တယ် ။
YOU ARE READING
Heaven Or Hell [Hiatus]
RandomHeaven without u , Hell with u , Tell me ? Heaven or Hell