မြင်မြင်ချင်း ချစ်ခဲ့ရတဲ့ မင်းက ....
ကိုယ့်အတွက်
တန်ဖိုးထားအရဆုံးသူ ဖြစ်နေခဲ့တယ်!!!!!&!!!!!
' ဟင် ... '
တိတ်ဆိတ်ငြိမ်သက်လွန်းလှတဲ့ ကန်ရေပြင်နား ထိုင်နေရာမှ
စကားသံအချို့ကြောင့် သူ အလန့်တကြားဖြစ်သွားသည်။အသံလာရာသို့ လှမ်းကြည့်လိုက်တော့ ရေကန်ရဲ့
ဟိုဘက်တခြမ်းမှာ လူနှစ်ယောက် ရပ်နေသည်ကို မြင်လိုက်
ရသည်။ ဘယ်သူတွေများပါလိမ့်... ဒီအချိန်ကြီး။
သူ့အဆောင်ကို လာမဲ့သူလဲ မရှိပါဘူး ...
အဖေလဲ အိမ်တော်ထဲမှာမရှိ။ဒီနေ့ပဲ နန်းတွင်းသို့ဝင်သွားတာလေ ...'ဘတ်ဟွန်းလဲ မဟုတ်ပါဘူး...သွားကြည့်မှပါပဲ '
ကံကြမ္မာ အပြောင်းအလဲတစ်ခု ဖြစ်သွားမှာကိုသာ သူသိခဲ့ရင်
ဘယ်တုန်းကမှ ထိုလူတွေရဲ့အနီးအနားကို သွားကြည့်ခဲ့မှာ
မဟုတ်သလို... ထိုလူတွေရဲ့ ဝေးရာကိုသာ ထွက်ပြေးခဲ့
မိမှာ သေချာသည်။ကန်ရေပြင်၏ တစ်ဖက်တစ်ချက်ဆီတွင် ...
ချစ်ခြင်းတစ်ရားတစ်ခု ပေါင်းဆုံရန် အနည်းငယ်သာ
ဝေးကွာလျှက်ရှိသည်။!!!!&!!!!
' ကိုကို...'
ညီမငယ်ရဲ့ ရွှင်ပျသောခေါ်သံကြောင့်ဥယျဉ်ထဲ စိတ်ရောက်
နေရာမှ ကြည့်လိုက်မိသည်။ ပန်းနုရောင်ဝတ်စုံလေးနှင့်
လှနေသော ညီမငယ်လေး..' ကိုကို .. ဒီမှာ လာထိုင်တာ ပျင်းဘူးလား '
' ကိုကိုက အားရင် ကြည့်ဖို့ ဒီပန်းတွေပဲရှိတာကို '
' ညီမလေးနဲ့ ဒီပန်းတွေ ဘယ်သူ ပိုလှလဲဟင် '
' ဟော့ဒီက ကိုကို့ ညီမလေးပေါ့ '
![](https://img.wattpad.com/cover/150691680-288-k70587.jpg)
YOU ARE READING
ဤမှန်သော သစ္စာစကားကြောင့်
Fanfictionကျွန်ုပ်၏ နှလုံးသားတစ်စုံအား ချစ်ရသော သူထံ၌သာ ထာဝရ မြုပ်နှံပါရစေ