မိုးကမနက်ကတည်းမှ ဖွဲဖွဲလေးဖြင့်ရွာနေသည်မလို့ ခုညနေ ၆နာရီခွဲသည်မှောင်နေလေသည်။ ခုမှမိုးကလည်းပိုမိုသည်းထန်လာတော့ Mina ထီးဖြင့် လမ်းကိုခပ်သွက်သွက်လျှောက်နေရင်း အရှေ့မှ အုတ်ခုံလေးတွင် ချာတိတ်မလေးတစ်ယောက် မိုးရေထဲတွင်ထိုင်နေသောကြောင့် သူမကြည့်လိုက်မိသည်။ Minaလည်းသူနဲ့မဆိုင်သလို ထိုမိန်းကလေးအရှေ့မှဖြတ်လာရင်း တစောင်းကြည့်မိတော့ ခေါင်းကိုအောက်စိုက်ထားပြီး ခြေထောက်လေးလွှဲနေသော ထိုမိန်းကလေးပုံစံမှာ ဆံပင်အနက်ဂုတ်ဝဲလေးဖြင့် အင်မတန်မှချစ်စရာကောင်းပြီး သူမရဲ့စိတ်ကိုဖမ်းစားထားလေသည်။ သူမလည်း ထိုမိန်းကလေးကိုကြည့်ရင်း သူ့အနားကဖြတ်ကျော်လာတော့ သူတွေးမိလိုက်သည်။
Mina's mind "သူ့ကြည့်ရတာတော်တော်ချမ်းနေပုံပဲ ငါနဲ့မှမဆိုင်တာပဲ😫 သူဒီကနေသွားသေးမဲ့ပုံမပေါ်ဘူး သူအဆင်ပြေပါ့မလား ခဏနေမှောင်လာရင် ဒီကလူရှင်းတယ် မသမာသူတွေနဲ့တွေ့ရင်😲 ငါနဲ့မဆိုင်ပါဘူး ဟုတ်တယ်ငါ့ကိစ္စမှမဟုတ်တာ 😪 ဒါပေမယ့်😶😶"
Chaeyoug "သူမရဲ့Daddyမှ Kim Woo Bin ဆိုသော လူကြီးနဲ့တွေ့ပေးပြီး စေ့စပ်ရမယ့်သူဟုပြောကာ သူမလည်းအလုပ်ဝင်ရန်ပြောသောကြောင့် စိတ်ညစ်ကာ အိမ်ကနေထွက်ပြေးချင်စိတ်ပေါက်နေလေသည်။ နက်ဖြန်သူမအဲ့ဒီနှာဘူးရုပ်Kim Woo Binကြီးနဲ့စေ့စပ်ရမယ်ဆိုတော့ သူမမနေချင် ထို့ကြောင့် Shoppingထွက်မည်ဟု လိုက်ပို့ခိုင်းကာ ဟိုလည်းရောက်ကော သူမလစ်ထွက်လာလိုက်လေသည်။ သွားချင်စောနဲ့ထွက်မိတာ ပိုက်ဆံအိတ် ထဲတွင် ပိုက်ဆံနည်းနည်းသာ ပါသောကြောင့် Taxiငှါးပြီး အဝေးတစ်နေရာပြောကာ မိုးရေထဲ ခြေလျှင်ခြေဦးတည့်ရာလျှောက်သွားနေလေသည်။ ညနေလည်းစောင်းနေပြီ ဘယ်သွားရမှန်းလည်းမသိ ထို့ကြောင့် သူမအုတ်ခုံလေးမှာထိုင်လိုက်လေသည်။ ဗိုက်ကလည်းတော်တော်ဆာနေသောကြောင့် သူမစိတ်ပျက်ပျက်နဲ့ခေါင်းကိုငုံ့ကာ သူမထိုင်နေသည်မှာ ဘယ်လောက်ကြာမှန်းပင်မသိ။ထိုစဉ်သူမပေါ်မိုးရေမကျတော့သောကြောင့် မော့ကြည့်လိုက်ရာ မိန်းကလေးတစ်ယောက်သူမကို ထီးမိုးပေးထားခြင်းပဲ။ ချောလိုက်တာ သူမပုံစံကငါလိုချင်တဲ့ပုံစံပဲဟ အာ...😍😍"
YOU ARE READING
My Byuntae Baby
Romanceအမေနဲ့နှစ်ယောက်တည်းအေးအေးဆေးနေတတ်သော Minaကတစ်နေ့ အတိတ်မေ့ချင်ယောင်ဆောင်နေသောChaeyoungနဲ့တွေ့ပြီး တစ်ယောက်ကိုတစ်ယောက်ချစ်ကြရာ ...... Michae Yuri ficလေးပါနော်😁😁