💭💭💭💭💭💭

3.3K 371 28
                                    

"Xiao Kun ကို ​ကျောင်းမှာ ဂရုစိုက်​​ပေးပါ
သားရယ်​......."

"ဟုတ်​ကဲ့.....စိတ်​ချပါ မား......"

အတိုင်​အ​ဖောက်​ညီ​နေ​သော Ziyi နဲ့မားကိုသာ
သူကြည့်​​နေရင်း စိတ်​တို​နေမိသည်​.........

ဂရုစိုက်​ဖို့သာသာ ​နှောက်​ယှက်​​နေတာ
မား မသိလို့သာ​ပေါ့.......

"Xiao Kun ရည်းစားထားရင်​လည်း
ပြန်​​ပြော​ဦး​နော်​.....Ziyi....."

ဟင်းခပ်​လက်​စ လက်​များက
လေတွင်​တန်းလန်း.

"မားက.....ဘာလုပ်​မလို့လဲ......."

ဘာမှမဖြစ်​သလိုပုံဖမ်းပြီး ဟင်းကိုပန်းကန်​ထဲ
ပြန်​ထည့်​ကာ....ပါးလုပ်​ပ​လောင်းစား​ပြ​နေမိသည်​....

"သားရဲ့ချစ်​သူကို မားမြင်​ဖူးချင်​လို့​ပေါ့......."

သူ့ဆံပင်​ကိုလှမ်းသပ်​တင်​​ပေး​သော..မားကို
သွားသာဖြဲပြလိုက်​ရင်း......

"သားက အဲ့ဒါ​တွေစိတ်​မ၀င်​စားဘူး........"

အပြည့်​အ၀ပင်​ အာမခံလိုက်​​တော့....
အ​ရှေ့ကလူက ​ချောင်းတဟွတ်​ဟွတ်​.........

ဘာထ​ဖောက်​ပြန်​ပြီလဲဟု......​​မော်​ကြည့်​လိုက်​​တော့

"Kun Kun မင်း....ကိုယ့်​ကို​ပြော​တော့........
မကြာခင်​ရည်းစားရ​တော့မယ်​ဆို....."

အ​ရှေ့က​ရေတစ်​ခွက်​ကို​သောက်​ကာ
စိမ်​​ပြေန​ပြေ ​ပြော​နေပြန်​သည်​........

"ဘာ......."

သူ့​ဒေါသက ​ထောင်းကနဲ.........

"ဟုတ်​တယ်​​လေ.....နမ်း​တောင်​နမ်းပြီးပြီဆို......."

စားပွဲ​ပေါ်​မေး​ထောက်​ကာ
ဟန်​ကျကျ​ပြောလာ​သောစကား............

မားကလည်း သူ့ကို အံ့သြတကြီးကြည့်​လာ​တော့
ဘယ်​လိုမှသည်းမခံနိုင်​​တော့ပဲ......

"မား......သူစ​နေတာ........
Ziyi....ခင်​ဗျား....အိမ်​ပြန်​လိုက်​​တော့............"

သူ့နားဘယ်​လို​ရောက်​သွားမိလဲမသိခင်​.......
မားက သူ့အမည်​​ခေါ်ကာ တားသံကြား​တော့........
သူ့လက်​တစ်​ဖက်​က Ziyi ကိုဆွဲထူမိ​နေပြီ.........

သူ (Completed )Where stories live. Discover now