[BREAKING NEWS] -SM confirmed EXO-Baekhyun dating with Kim SooAh .
.
.
.
Online ဖြစ်ဖြစ်ချင်း တက်လာတဲ့ သတင်းခေါင်းစဉ်ကြောင့်
တစ်ကိုယ်လုံးကသွေးတွေ
ခေါင်းကိုဆောင့်တက်သွားသလိုခံစားလိုက်ရသ ည်...တဆက်တည်းပင် .. တတောင်တောင်တက်လာတဲ့ Notiတွေနဲ့အတူ
Dating နဲ့ပတ်သက်တဲ့ articleပေါင်းစုံက
Noti barမှာ အပြည့် .. နေရာယူထားကြသည်...တဖြည်းဖြည်း မူးနောက်လာတဲ့ ဦးခေါင်းရယ်..
မွန်းကြပ်ပြည့်သိပ်လာတဲ့ ရင်ဘတ်ထဲက ခံစားမှုရယ်ကြောင့်..
လက်ရှိခြေချထားရာ နေရာမှ ပြေးထွက်လာခဲ့သည်..သွေးရူးသွေးတန်းနဲ့ ပြေးလာခဲ့သည့်လမ်းတစ်လျှောက်..
မြင်မြင်သမျှ အသိစိတ်ထဲ ဘလာနတ္ထိသာ ဖြစ်နေသော်လည်း..
ရင်းနှီးလွန်းနေပြီးဖြစ်သော
ဖုန်းနံပါတ်တစ်ခုကိုတော့.. ဆက်တိုက်ခေါ်ဆိုနေခဲ့သည်...သို့သော်လည်း...
ပြန်လည်ဖြေဆိုသူ မရှိတဲ့ ဖုန်းလေးက
အထီးကျန်လျက်.....********************
ရွေးချယ်စရာလမ်းမရှိတော့ဘဲ..
ချောင်ပိတ်မိနေခဲ့သော အခြေအနေကြောင့်
စိတ်ဒုန်းဒုန်းချ ဆုံးဖြတ်ခဲ့သော
ကိစ္စရပ်တစ်ခုကို
တရားဝင် အတည်ပြုမှုတစ်ရပ် ထုတ်ပြန်အပြီး
မိနစ်ပိုင်းအတွင်း ဝင်ရောက်လာတဲ့
ဖုန်းအဝင်callများ....တစ်ကြိမ်..နှစ်ကြိမ်မဟုတ်ဘဲ..
ဆက်တိုက်ဆိုသလိုခေါ်ဆိုနေတဲ့ဖုန်းလေးကို
Silent လုပ်ကာ နံရံကိုမှီပြီး
အရုပ်ကြိုးပြတ်ထိုင်ချမိလိုက်သည်....လက်ထဲကိုင်ထားသည့် ဖုန်းကို နံဘေးချရင်း
မျက်ဝန်းတို့ကို မှိတ်ကျစေတော့.
တောင့်ခံမထားနိုင်တော့တဲ့ မျက်ရည်စက်တွေက
ပါးပြင်တစ်လျှောက် လိမ့်ဆင်းလာသည်....မဖြစ်ဘူးလေ... ခဏနေ.. သူရောက်လာတော့မှာ...
မျက်ရည်ကျနေလို့ ဘယ်ဖြစ်မလဲ....
YOU ARE READING
My entire Universe is YOU
Fanfictionရှိခဲ့ဖူးတဲ့ အမှတ်တရတွေက အိပ်မက် မဟုတ်သလို... ပေးခဲ့ဖူးတဲ့ အနမ်းတွေကလည်း.. ရင်ခုန်သံမဲ့ အသားယူလိုမှုတွေ မဟုတ်ဘူး.. အဲ့ဒီလိုပဲ... ပြောခဲ့ဖူးတဲ့ ... ချစ်တယ်.. ဆိုတဲ့ စကားကလည်း... ကယောင်ကတမ်း ပြောခဲ့ခြင်း မဟုတ်ဘူး.. လွယ်လွ...