I'll Be Yours

905 148 0
                                    

"Hyun ကိုယ်လာခေါ်တော့မယ်နော် အဆင်သင့်လုပ်ထား "

"အိုခေ.."

လက်ထဲက ဖိတ်စာ ကိုတင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ရင်း Baekhyun အားတင်းကာ ပြုံးလိုက်သည်။
.

.
"ဘယ်လို...Hyun ဘာပြောလိုက်တာ.."

"လက်ထက်ရအောင်လို့ ပြောလိုက်တာလေ"

"ကိုယ့်ကို တကယ် အခွင့်အရေးပေးနေတာလား?"

စားပွဲပေါ်က ကော်ဖီခွက်ကို ယူသောက်ရင်း Baekhyun စိတ်မရှည်စွာ မျက်မှောင်ကျုံ့ ကြည့်လိုက်တော့မှ ထိုလူသားရဲ့ ဝမ်းသာရိပ် အပြုံးတွေက  ပီပီပြင်ပြင် ထွက်ပေါ်လာသည်။

"ကိုယ့်ကို Hyun အဖြေပေးတာ တပတ်ပဲ ရှိသေးတော့လေ...ကိုယ်က စနေတယ် ထင်တာ.. ဝမ်းသာလိုက်တာကွာ"

လုံခြုံနွေးထွေးလှသော ရင်ခွင်ထဲ Baekhyun နစ်ဝင်သွားရသည်။ စားပွဲပေါ်က ဖိတ်စာကို အကြည့်ရောက်သွားတော့ ရင်ထဲက ဒေါသတွေဟာ တောက်လောင်လာပြန်သည်။

အမှောင်ချထားသော အခန်းဖြစ်ပေမယ့် Baekhyun စိတ်တွေ အေးချမ်းမနေခဲ့။ ဆုတ်ချေထားလျက်ဖြစ်သော ဖိတ်စာကို
နောက်တကြိမ် ဖြန့်ကာ ကြည့်လိုက်မိသည်။

(Park Chanyeol + Jung Yura)

မြင်ရုံနဲ့ပင်ဒေါသတွေ ထိန်းမရတာမို့ Baekhyun တောက်တချက်ခေါက်ရင်း ဖိတ်စာကို လုံးချေကာ အမှိုက်တောင်းထဲ လှမ်းပစ်လိုက်သည်။

"သစ္စာမရှိတဲ့ကောင်!!"
____________________________________

သတိုးသမီးလောင်းလျှာလေးရဲ့ လက်ကိုတွဲချိတ် ပြီး ကော်ဖီဆိုင်ထဲ ဝင်လာတဲ့ Chanyeol ပုံရိပ်တွေက Baekhyun အတွက် ဘယ်လောက်ပင် အလှမ်းဝေးနေပါစေ နီးနီးကပ်ကပ်မြင်နိုင်သည်။

Chanyeol တို့ စားစရာမှာနေတုန်း Baekhyun လဲ ဘေးကလူသားထံ ခိုဝင်ကာ လက်ကိုချိတ် တွယ်လိုက်သည်။ လိုအပ်တာမှာပြီး ထိုင်ခုံတွေဆီ လျှောက်လာကြတဲ့ Chanyeol နဲ့ သူမ ဟာ Baekhyun ကို မြင်လိုက်ရသောအခါ
မတူညီသော အံ့ဩခြင်း ၂မျိုးဖြစ်သွားကြသည်မို့ Baekhyun ရယ်ချင်သွားသည်။

"ကို...ဟိုမယ် ကို့ သူငယ်ချင်းလေ.... ဘာလဲ နှစ်ယောက်က ချိန်းထားကြတာလား?"

Yes,that's my day (614) {One short}Where stories live. Discover now