1. Prologue

825 52 0
                                    

UnReturanble...

°°°°°°°°°°°°°°°°°°•••••°°°°°°°°°°°°°°°°°°

မိုးစက်တို့က ပြတင်းပေါက်မှန်ပေါ်တွင် တစ်စက်ချင်း တစ်စက်ချင်း နေရာယူလာသည်...

ထိုမှတဆင့် အစုအဝေးဖြစ်လာတော့ ရေစီးကြောင်းလေးတွေအဖြစ် အသွင်ယူရင်း မှန်ပေါ်မှတစ်ကြောင်းချင်းစီ ခုန်ကျကာလွတ်မြောက်သွားသည်...

ဒီလိုပါပဲ... လူ့လောကရှိအရာရာတိုင်းဟာ အစုအဖွဲ့အနေဖြင့်ရှင်သန် လှုပ်ရှားနေကြရတာပဲ...

ဒါပေမယ့် အပြင်ပန်းအရ အစုအဖွဲ့ဖြစ်နေခြင်းတွေရဲ့ တဖက်မှာလူတွေရဲ့ စိတ်နဲ့အတွေးတွေကတော့ အစုအဖွဲ့နဲ့ရှင်သန်ဖို့ကတော့ ခက်ခဲလွန်းတယ်...

ဒီလို ခက်ခဲတဲ့ကြားက စိတ်ချင်းထပ်တူကျတယ်တို့... အမြင်တူတယ်တို့ သဘောထားတိုက်ဆိုင်တယ်ဆိုတာတွေဖြင့်ပဲ လူတွေရဲ့စိတ်တွေကြားက နီးစပ်ခြင်းဟာစတင်တယ်...

သူ့အတွက်ကတော့... မွေးကတည်းက ဟန်ဆောင်မှုတွေရဲ့ကြားက ရုပ်ဝတ္ထုဆိုင်ရာ နီးစပ်ခြင်းတွေဟာ မလိုအပ်လောက်အောင် များပြားခဲ့ရတယ်... စိတ်ချင်းနီးတဲ့သူဆိုတာ မရှိခဲ့သလောက်ပဲပေါ့...

တစ်သက်မှာ တစ်ခါ... တစ်ခါမှာတစ်ယောက်ဆိုသလို တချိန်ကတော့ သူလည်းပဲ စိတ်ချင်းနီးခဲ့တဲ့ သူတစ်ယောက်ရှိခဲ့ဖူးအောင် ကံကြမ္မာက တစ်နေ့ကျတော့ သူ့ကို သူနဲ့တွေ့ဆုံပေးစေခဲ့တယ်...

တချိန်က... တချိန်ကပေါ့... သူရဲ့ စိတ်ချင်းနီးခဲ့တဲ့သူဟာ သူနဲ့အတူရယ်မောခဲ့... ပျော်ရွှင်ခဲ့... အတူငိုကြွေးဖူးခဲ့တယ်ဆိုတာက ဖုန်းမှန်သားပြင်ပေါ်က ပုံရိပ်လေးကသက်သေပါပဲ...

အခုအချိန်မှာတော့ အရေတွန့်နေတဲ့ သူ့လက်ချောင်းတွေက ဖုန်းမှန်ကိုထိတွေ့နေရင်း သူ့ပါးပြင်ဟာ တဖြေးဖြေး စိုစွတ်လာခဲ့တယ်...

အချိန်ကြာတာတောင် မဆုံးသေးသည့် သူ့နောင်တတွေ နောင်ဘ၀အထိတောင်ပါသွားတော့မည်ဆိုတာက သူ့အတွက်သေချာနေသည့်ကိစ္စတစ်ခု...

အချစ်ကိုနာကြင်မှုတွေနဲ့အတူ ဝေးရာတွန်းပို့ စိတ်ချင်းဝေးစေရင်းနဲ့ အထီးကျန်မှုကို လက်ယပ်ခေါ်ခဲ့သူက သူကိုယ်တိုင်ပဲမဟုတ်လား...

အခုတော့ အရာရာတိုင်းဟာနောက်ကျသွားခဲ့ပြီ...

ဖမ်းဆုပ်စရာဆိုလို့ လွမ်းမောစရာအတိတ်တွေပဲကျန်ခဲ့တဲ့သူ့အတွက်တော့ ရှင်သန်ခြင်းဆိုတာ ငရဲလိုပါပဲ... ဒါပေမယ့် ထိုငရဲကိုပဲ သူခံယူသင့်တဲ့ ပြစ်ဒဏ်တစ်ခုအဖြစ် လက်ခံရင်း ဒီနေ့အထိရှင်သန်ခဲ့ရတယ်...

ငရဲကြားက လွတ်မြောက်နိုင်တဲ့အချိန်ဆိုတာကတော့ အတိတ်က သူနဲ့သူ့ရဲ့အကြောင်းတွေ ပြန်တွေးရင်း နာကြင်တဲ့ကြားကလှစ်ကနဲပြုံးမိတဲ့အချိန်ဖြစ်ပြီး ထပ်ဆင့်ငရဲဆိုတာကတော့ တွေးမိသမျှအကြောင်းတွေဟာ ပစ္စုပ္ပန်မဟုတ်ဘူးဆိုတဲ့ အဖြစ်မှန်ဖြစ်တယ်...

ဒီလိုနဲ့ သူ့သက်တမ်းရဲ့ ကျန်ရစ်တဲ့နေ့ရက်တွေဟာ ငရဲကနေလွတ်မြောက်ခြင်းနဲ့ ထပ်ဆင့်ငရဲတွေကြားမှာ ၀င်္ကပါလိုပဲ တ၀ဲလည်လည်ဖြစ်ရင်းနဲ့ပဲ...

ဒီနေ့လဲ သူ ငရဲကနေလွတ်မြောက်ရဦးမယ်... ထပ်ဆင့်ငရဲကို ရင်ဆိုင်ရမယ်ဆိုတာ သိလျက်နဲ့ပဲပေါ့...

°°°°°°°°°°°°°°°°°°°•••••°°°°°°°°°°°°°°°°°°


UnReturnable... (Angst)Where stories live. Discover now