👑👑👑
"Papa သားလဲလိုက်မယ်"
"လိုက်လို့မရဘူးလေသား အိမ်မှာပဲနေခဲ့ပါကွာ"
"Papaကလဲ အ..ဟင့်...ဟင့်"
Shuu-kun ငိုပြတော့ Kakashi-kunခမျာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ မိမိရဲ့တစ်ဦးထဲသောသားလေးအား ချစ်ပါသည်။သို့ပေမဲ့ Kakashi အလုပ်လုပ်ရာ နန်းတော် တွင်းသို့ခေါ်ဖို့ဆိုတာတော့ အလွန်တာဝန်ကြီးလှသည်။မတော်တဆ ပြသနာ ဖြစ်ခဲ့ပါက တစ်မိသားစုလုံးခေါင်းပြုတ်ပေလိမ့်မည်။သားလေးအားလဲ စိတ်မကောင်းမဖြစ်ချင်စေ၊သူ့ခမျာ ကျောင်းပိတ်ရက်ဆိုတော့ ပျင်းနေရှာသည်။
Kakashiခမျာ သက်ပြင်းအသာအယာချလျက်"အင်း...ပြီးရောလေ"
"ဟင် .တကယ် ခေါ်မှာပေါ့နော်"
Shuu-kunnလဲ ခုမှ မှိုရတဲ့မျက်နှာနဲ့ပြုံးတော့သည်။"ဒါပေမဲ့...PaPaစကားနားထောင်ရမယ်နော်၊Papaအနားပဲနေရမယ် မဟုတ်ရင်မခေါ်တော့ဘူး"
"ဒါပေါ့..နားထောင်မှာပေါ့ Paအနားမှာပဲမှိုလိုကပ်နေမှာ...Hee"
Kakashi ပြုံးလျက် မတတ်နိုင် ရှိတာမှ သားတစ်ယောက်ထဲ စိတ်မငြိုငြင်အောင်ထားရမည် ရောဂါကလဲရှိသေးတော့..."သွားရအောင်...နောက်ကျလိမ့်မယ် ကားလဲအိမ်ရှေ့မှာရောက်နေပြီ"
"ဟုတ်..Papa. "
နန်းတော်သို့လာရာလမ်းတလျှောက်သားအား မှာစရာရှိတာအတန်တန်မှာရတော့သည်။ငါ့နှယ်နော်..ု........
"ဘယ်မှာလဲ အထိန်းတော်Kakashi...ခုထိမလာသေးဘူးလား" Houkaa မျက်မှောင်ကြုတ် လျက်မေးလိုက်သည်။
"လာနေပါပြီ အိမ်ရှေ့စံမင်းသားလေး " အစေခံများဦးညွတ်လျက်ပြန်ဖြေကြသည်
ခက်တာပဲ Kakashi မရှိရင် ငါဘာဆိုဘာမှမလုပ်တတ် တော့ပါလား tsk* ၁၄နှစ်တောင်ရှိနေပြီဟာကို..ကိုယ့်ကိုယ်ကို လဲစိတ်တိုမိ ခါတိုင်းနောက်မကျတတ်ပေမဲ့ ဒီနေ့မှ.
ပန်းချီ သင်တန်း စတော့မည် ဆရာက ပျင်းတာလားဘာလားမသိ Kakashi ဘေးမှာမရှိလျှင် ပေါက်ကရလေးဆယ် ဆွဲချင်ရာဆွဲခိုင်းတတ်သည် ဘဲဥ ပုံ မျဉ်းဖြောင့် မျဉ်းကွေးကနေမတက်တော့ ပြန်လဲမပြောချင် ဆရာကိုကြောက်၍လား ဆိုတော့မဟုတ် မင်းညီမင်းသားးကျင့်ဝတ်အရ အာစရိယမို့လို့ ရိုသေခြင်းဖြစ်သည်။
YOU ARE READING
Prince's Love Story
RomanceMy First OC❤ အိမ်ရှေ့စံ နဲ့ သာမန် သူတယောက် ရဲ့ သာမန် မဟုတ်တဲ့ဇာတ်လမ်း😃