👑👑👑👑"Kakashi"Miharu သခင်ကြီး၏ ခေါ်သံ
" အမိန့်ရှိပါ" kakashi ရိုသေစွာဦးညွတ်လျက်
"အိမ်ရှေ့စံဟာ ဆယ်ကျော်သက်ထဲရောက်လာပြီ ၁၈နှစ်ပြည့်ရင် နန်းလွဲရတော့မယ်"
"မင်းအနေနဲ့ သူနဲ့အနီးကပ်နေသင့်ပြီ"
" မင်းနန်းတော်ထဲပြောင်းလာလိုက် ကျန်တာငါစီစဉ်ပေးမယ် အဆင်ပြေလား " သခင်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟုတ်ကဲ့... ကျွန်တော့် အနေနဲ့ တောင်းဆိုစရာတခုပဲရှိ" kakashi ခေါင်းငုံ့လျက် ပြောတော့
"မင်းရဲ့သားလား ခေါ်လာလိုက်....အိမ်ရှေ့စံနဲ့အသက်တူတူပဲဆို" kakashiအား ကြည့်လျက် သခင်ကြီးကဆိုပြန်သည်.
"ဟုတ်ကဲ့....ကျေးဇူး ကြီးမြတ်လှကြောင်းပါ" Kakashi အရိုအသေ ပြုလျက် ငုံ့ထားသောမျက်နှာတွင်တော့ အတွေးများစွာ
Kakashi အခန်းထဲမှထွက်သွားတော့ တံခါးအကွယ်မှ ချောင်းကြည့်နေတဲ့ မျက်ဝန်းတစုံ.....
..................................
"Shuu ပြန်လာပြီလား Papaရော" အင်မတန်လှပြီးနူးညံ့ဟန်ရှိသော သက်လတ်ပိုင်းအမျိုးသမီးတဦးက Shuuအား ဧည့်ခန်းထဲမှနေ၍ ထောပနာပြုလေသည်။
" အလုပ်ပြီးမှပြန်လာလိမ့်မယ် အန်တီလေး ဘယ်အချိန်က ရောက်နေတာလဲ"Shuu ပြုံးလျက်ပြန်မေးလိုက်သည်
အန်တီလေး သည်Papa၏ တဦးထဲသော ညီမလေးတယောက်ဖြစ်သည်။ Papaလို တခုလတ်မဟုတ် အပျိုကြီးဖြစ်ပြီး Papaလို ခန့်ငြားလှပသည့်ရုပ်ရည်ကိုလဲ ပိုင်ဆိုင်ထားသေးသည်။ ပြောသာပြောရသည် Papaက Mamaအကြောင်းတစ်ခါမှမပြော မေးလဲမဖြေ တခုမဟုတ်တခု အကြောင်းပြ၍ရှောင်လေ့ရှိသည်။ငါ့ခမျာနော် Mamaကို တခါမှလဲမတွေ့ဖူးဘူး တကယ်ရောရှိရဲ့လားမသိ။ဟွန်း....
"ဒါနဲ့ Shuu.... အန်တီလေး သားအကြိုက် ကြက်ကြော် ဝယ်လာပေးတယ် မီးဖိုချောင် မှာသွားစားလေ"
YOU ARE READING
Prince's Love Story
RomanceMy First OC❤ အိမ်ရှေ့စံ နဲ့ သာမန် သူတယောက် ရဲ့ သာမန် မဟုတ်တဲ့ဇာတ်လမ်း😃