1

92 8 0
                                    

ဒုန်း ဒုန်း ဒုန်း...

"သားငယ်​​ရေ ထ​တော့.. ၇နာရီခွဲ​နေပြီ
ထ​တော့​နော်​.. ​မေ​မေ ​နောက်​တစ်​ခါထပ်​လာမနိုး​တော့ဘူး​နော်​.."

အခန်းတံခါးကို တဒုန်းဒုန်းထုရင်း နှိုး​နေ​သော
မေ​မေ့အသံက ​အောင်​လွန်း၍ လင်းမြတ်​​အောင်​တစ်​​ယောက်​ ချက်​ချင်းပင်​ ​ယောင်​ယမ်းကာ ​ငေါက်​ခနဲထထိုင်​မိတယ်​..

"ဟာ.. ဟုတ်​သား ဒီ​နေ့ practicalလဲစမှာ ​ကျောင်း​လေး ဘာ​လေးသွားမှပဲ"

ကျောင်းကသွားမှဖြစ်​​တော့မယ်​.. စဖွင့်​ဆိုထဲက တစ်​ပတ်​လုံးလုံး ​ကျောင်းမ​ရောက်​​သေး...
ဒီတစ်​ပတ်​​ practical​တွေလဲစပြီဆို​တော့
မျက်​နှာ​လေး​လောက်​​တော့ သွားပြဖို့ လုပ်​ရမည်

ဟို​တွေးဒီ​တွေးနဲ့ လုပ်​စရာရှိတာ​လေးလုပ်​ ရှိုးထုတ်​ပြီး ​လှေကားမှ ဆင်းအလာ...
vocal​ကောင်းလှပါ​သော ​မေ​မေ့အ​မွေခံ​လေး တစ်​ဦးတည်း​သော အမ​တော်​၏အသံက ဟိန်းခနဲ..

"ဟဲ့ အငယ်​​ကောင်​ နင့်​​ရေ​မွေးနံ့ကလဲ ပြင်းလိုက်​တာဟယ်​..
အ​မ​လေး ဝတ်​ထားတာလဲ အလန်း​နော်​"

"​လန်းတယ်​မ​ခေါ်​သေးဘူး သပ်​ရပ်​ရုံပဲ.. ​ရေ​မွေးနံကလဲ ဘာပြင်းရမှာလဲ စွဲ​ဆောင်​မှုရှိတဲ့အနံ့​လေ မခံစားတတ်​ဘူးလား ​"

"ငါက မခံစားတတ်​ဘူးဖြစ်​ရတယ်​ နင့်​အနံ့ကိုက မ​ကောင်းတာ..€£@#$$$ "

"မမ နင်​​နော်​ ​စော​စောစီးစီး ရန်​ဖြစ်​ချင်​​နေတာလား"

$@$€|©€£|....

"​တော်​ကြစမ်း.. စားစရာရှိတာလာစား ရန်​ဖြစ်​မ​နေနဲ့ ​အတန်း​နောက်​ကျ​နေမယ်​.. ​မောင်​နှမနှစ်​​ယောက်​လုံး ပါးစပ်​ပိတ်​ပြီးလာခဲ့.."

မေ​မေလှမ်း​အော်​မှ နှစ်​​ယောက်​သား ကုပ်​​ချောင်း​ကုပ်​ချောင်းနဲ့ ထမင်းစားပွဲလာထိုင်​ရသည်​..
ဖေ​ဖေက​တော့ ဒီသားအမိ​တွေကို မနိုင်​ဘူးဆိုတဲ့ ဆိုဒ်​နဲ့ ဂျာနယ်​ကြီးကိုင်​ပြီး ​ခေါင်းတခါခါနဲ့ရယ်​..

ဤကား ကျွန်​​တော်​၏ မနက်​ခင်းပင်​.. 
တွေ့တာနဲ့ ရန်​ဖြစ်​​နေရ​သော အစ်​​မတစ်​ယောက်​ရယ်​.. ချစ်​ရတဲ့ ​ဖေ​ဖေနဲ့ ​မေ​မေရယ်​.. ကျွန်​​တော်​ရယ်
ကျွန်​​တော်​တို့အိမ်​​လေးက ဆူညံဆူညံ​ပေမဲ့ တကယ်​တမ်း​တော့ နွေး​ထွေးပါတယ်​..
အစ်​မနဲ့ မတည့်​ဘူးဆိုတာကလဲ...
မတည့်​အတူ​နေ မမြင်​​ချောင်းကြည့်​​သ​ဘောပါပဲ

မမ​ရော ကျွန်​​​တော်​​ရောက YUထဲကခင်​ဗျ
တစ်​​ခေတ်​တစ်​ချိန်​က အစဉ်​လာ​ကောင်းခဲ့တဲ့ တက္ကသိုလ်​​မြေကို ​မေ​မေဟာ အခုချိန်​ထိ
မြတ်​နိုးမဆုံး.. သူမတို့တုန်းက ဘယ်​လို ဘယ်​ပုံ စသည်​ဖြင့်​ လွမ်းတသသမဆုံး​တော့ ကျွန်​​တော်​တို့လဲ YUထဲ​ရောက်​လာခဲ့တာဆိုပါ​ရော..
(ဒါနဲ့ အခု​တော့ ဂျင်း​တွေကိုမိလို့ :333 )

ကျွန်​​တော်​က 2nd year Zoology
မမက​တော့ 4th year law..

"အငယ်​​ကောင်​​ရေ.. လင်းမြတ်​​ရေ... ဟဲ့..ဟဲ့..
ဘာ​ကြောင်​​နေတာလဲ လာ သွားမယ်​"

"မ​ကြောင်​ပါဘူးဗျာ.. လာပါပြီ..."

"​မေ​မေ​ရေ.. ဒီ​နေ့​တော့ အချိန်​သိပ်​မပိုလို့ busမစီး​တော့ဘူး... ဦး​ကျော်​ကိုပဲ လိုက်​ပို့ခိုင်း​တော့မယ်​"

"​အေး ​အေး သွား.. အငယ်​နဲ့လဲ ရန်​ထပ်​ဖြစ်​မ​နေနဲ့ ​အေး​ဆေးသွား​နော်​"

"​မေ​မေကလဲ ကျွန်​​တော်​တို့က အမြဲရန်​ဖြစ်​​နေရ​အောင်​ ​ကြောင်​နဲ့ ကြွက်​လဲမဟုတ်​"

"​အေးပါ ​ကြောင်​နဲ့ကြွက်​မဟုတ်​ဘူး
ခွေးနဲ့ ​မျောက်​ ဟုတ်​ပြီလား.."

"ဟာဗျာ ​မေ​မေရာ..."

"ဟား ဟား ဟား... အဲ့ဒါဆို ငါ​မျောက်​လုပ်​မယ်​ နင်​​ခွေးလုပ်​ အ​ငယ်​​ကောင်​"

....

_______________________________

1end... thz for reading
@HyuneeAera

Love Diary Of YUWhere stories live. Discover now