🌸🌸

52 6 1
                                    

ခင်ဗျားက ကိုယ့်ရဲ့အမှားသေးသေးလေးတွေကို ထောက်ပြပြီး ငြီးငြူတယ်...။
ကိုယ်က ခင်ဗျားရဲ့အမှားသေးသေးလေးတွေကို ရှိပါစေဆိုပြီး မေ့ပစ်တယ်။

ခင်ဗျား သတိမထားမိလို့ပါ Darling ခင်ဗျားနဲ့ကိုယ်...
ကိုယ်ကပိုချစ်တယ်ဆိုတာ...။

သေချာကြည့်ပါ...ကိုယ့်မှာ အကောင်းပကတိ နှလုံးသား ပျောက်ရှနေပြီ...
ဆိုတာခင်ဗျားမြင်ရလိမ့်မယ်။

မျိုသိပ်ရတာ အင်မတန်ပင်ပန်းတယ်Darling
ခင်ဗျားလျစ်လျူခဲ့တဲ့ ဒဏ်ရာတွေများပြီး မွန်းကြပ်လာတဲ့အခါ
ခင်ဗျားကို ကျိန်ဆဲပြီး ဖြေဖျောက်မယ်....ခွင့်ပြုမယ်မလား

ခင်ဗျားသတိမထားမိတဲ့ ကိုယ့်ရဲ့စိတ်ထိခိုက်ခြင်းတွေ ကိုလျစ်လျူရှုပြီး
နေပစ်တယ်...ကိုယ်အဆင်ပြေပါတယ်။

တဖြည်းဖြည်းနဲ့ကြောက်လာပြီDarling
ခင်ဗျားရဲ့ဒဏ်ရာတွေကိုဘဲဆေးထည့်ပြီး
ကိုယ့်ရဲ့ဒဏ်ရာတွေကိုဆေးထည့်မပေးတဲ့ ခင်ဗျားကို
နာကျဉ်းမုန်းတီးသွားမှာကို ကြောက်လာမိတယ်Darling

မြင်အောင်ကြည့်ပါ ကိုယ်ကခင်ဗျားကို စိတ်ပျက်ဖို့ကောင်း
လောက်အောင်ကို ချစ်တယ်ဆိုတာ မြင်ရလိမ့်မယ်...။

ခင်ဗျားကြောင့်ထာဝရကန်းရတဲ့အချစ်မျိုးမှာ ကိုယ်ကပျော်တာ...။

사랑해서 미안해Where stories live. Discover now