Sehun လေးတို့ မိသားစု ဒီနေ့ Seoul Children's Grand Park ကိုသွားလည်ပြီး တစ်နေကုန် ပျော်ပွဲစားထွက်မှာမို့ ပြင်ဆင်နေကြသည်။ Sehun လေးရဲ့ ခုနှစ်နှစ်ပြည့်မွေးနေ့မှာ Incheon မှာ အလုပ်လုပ်နေတဲ့ Sehun ရဲ့ umma ကို သွားခေါ်ဖို့ မနက်မစောကြီး Seoul ကနေ Sehun နဲ့ Mr.Oh တို့ ထွက်လာကြသည် ။ International Airport မှာ အလုပ်လုပ်နေရတဲ့ Mrs.Oh က ညပိုင်း တာဝန်ကျတာမို့ အိမ်ပြန်မအိပ်နိုင်ခဲ့တဲ့အတွက် Sehun လးတို့ သွားခေါ်ရတာ ဖြစ်သော်လည်း အရမ်းမဝေးတာမို့ အဆင်ပြေပါသည် ။" အိမ်လေး တစ်အိမ်မှာ ဝက်ဝံလေးသုံးကောင်
ဖေဖေ ဝက်ဝံ မေမေ ဝက်ဝံ ကလေးလေး ဝက်ဝံ"" appaaaa အဲ့ အရုပ်ကြီးနဲ့ ဓာတ်ပုံရိုက်ချင်တာ "
" Umma ummaa! Sehun လေးကို ဖက်ထားပေးပါ "
Sehun လေးရဲ့ မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းလို့အပြီးမှာတော့
Sehun လေးရဲ့ umma အလုပ်ချိန်အမီ ပြန်ပို့ရမှာမို့ ညနေစောင်းလာတဲ့အခါ Sehun လေးတို့ မိသားစုသုံးယောက် Incheon ကို ကားမောင်းလာခဲ့ကြသည် ။" Sehun လေး မွေးနေ့မှာပျော်ရွင်ပါစေနော် ဒီမှာ umma ရဲ့လက်ဆောင် "
Umma လှမ်းပေးတဲ့ ကျောပိုးအိတ်အဝါရောင်လေးကို လှမ်းယူပြီး Sehun ရင်ခွင်ထဲမှာ ပွေ့ထားလိုက်သည် ။
Umma က အရမ်းအရမ်းကို အလုပ်ရှုပ်လို့ Sehun လေးနဲ့ အများကြီး မတွေ့ရပေမယ့် Sehun လေးက Umma ကို အရမ်း ချစ်ပါတယ် ။ *-*
Appa ကလည်း Sehun လေးတို့ကို ပြုံးကာ ကြည့်နေသည် ။ Sehun အတွက်တော့ အရမ်းကို ပျော်စရာကောင်းတဲ့ အချိန်လေးပါ ။
----
" Byun Baekhyun! အခုချက်ချင်း Ticket ကို mail နဲ့ ပို့လိုက်မှာမို့ ပြန်လာခဲ့ "
" Hyung nim ကလည်း ကျွန်တော်ဒီမှာ ချိန်းထားတာ ရှိသေးတာကို "
Phone ပြောရင်းမို့ မမြင်နိုင်တာသိသော်လည်း Baekhyun နှုတ်ခမ်းဆူ မျက်မှောင်ကုတ်ရင်း ပြန်ဖြေမိသည် ။
" သုံးရက်လောက် နောက်ဆုတ်လိုက်တော့ ဘာဖြစ်မှာမို့လို့လဲ?! မိဘတွေ နှစ်ပတ်လည် ကန်တော့ပွဲကို မတက်ဘူးဆိုရင်တော့ ငါ ခွင့်မလွှတ်ဘူးနော် Byun မျိုးရိုးရေ "
YOU ARE READING
Will You Love Me?
FanfictionTitle : Will You Love Me? Pairing : Sebaek & Side Pairing : Xiuhan Genre : romance, slightly angst