1

4.1K 136 5
                                    

ကျွန်တော်၏ ပိုင်ရှင်
My Owner




" မထိနဲ့ အဲ့ဒါ ငါညကျရင် စားဖို့ချန်ထားတာ မင်းစား
ချင်ရင်မင်းအတွင်းရေးမူးမကို ဝယ်ခိုင်းပေါ့ ငါကတော့
မကျွေးနိုင်ဘူး "

" ကိုယ်အခုမှ ပြန်လာတာနော် ဗိုက်ဆာတယ် တစ်ခုခု
လုပ်ပေး "

" သေလိုက်လေ အဲ့မှာပဲ "

Kyungsoo Chanyeol လက်ထဲက ခေါက်ဆွဲခြောက်
ထုပ်ကို ဆွဲလုပြီး မီးဖိုချောင်ထဲကနေထွက်သွားသည်

ညနေတိုင်းအိမ်ပြန်လာရင် အမြဲနောက်ကျပြီး ပြောလိုက်
ရင်တော့ အစည်းအဝေး အစည်းအဝေး သူ့အစည်းအဝေး
က တစ်နှစ်လုံး မပြီးနိုင်တော့ဘူး !! Pack Chan Yeol
ခင်များ လက်ပူးလက်ကျပ်မိလို့ ကတော့ အဲ့နေရာမှာတင်
Do Kyung Soo ဘယ်လောက် အတိုက်အခိုက်ကျွမ်း
လည်းသိသွားမယ် ~~

Chanyeol တစ်ယောက်မျက်နှာငယ်လေးနဲ့ TV ရှေ့
ကဆိုဖာမှာထိုင်ရင်း လက်ထဲက ခေါက်ဆွဲခြောက်တွေ
ကိုတဂျွတ်ဂျွတ်ဝါးစားနေသော Kyungsoo ဘေးနား
ကိုဝင်ထိုင်လိုက်ကာ ~

" မင်းယူတုန်းကယူထားပြီး ဒီလိုပစ်ထားတာလား ? "

" ငါယူထားတာလား ? ငါ့မရရင်မင်းသေမလိုဖြစ်နေလို့
သနားလို့အားနာပြီယူထားတာ သိပြီလား "

" အင်းပါ ကိုယ်ကတော့ မနက်စာလည်း ဒီနေ့ဘာမှ
မစားပဲသွားရပြီး အခုလည်း ဘာမှမစားရသေးဘူး
ကြာရင် အစာအိမ်ဖြစ်တော့မှာ ~ "

Puppy eye လေးတွေနဲ့ Chanyeol ရှိသမျှ
cute type တွေထုတ်သုံးပြီး Kyungsoo ကို
ပြောနေပေမဲ့ ဟိုကတော့ TV လေးကြည့်လိုက်
ခေါက်ဆွဲခြောက်လေးစားလိုက်ဖြင့် သူ့ကိုလုံးဝဂရု
မစိုက်ဘူး

" ကိုယ်ဗိုက်ဆာလို့ လှုပ်တောင်မလှုပ်နိုင်တော့ဘူး
တကယ်ပဲ ပစ်ထားတော့မှာလား "

" ဟားးးးးးး ရယ်ရတယ် "

Running man ကိုကြည့်ပြီး အသံပြဲဖြင့်အော်ရယ်
နေသော Kyungsoo ကြောင့် Chanyeol ဘာ
မှဆက်မပြောတော့ဘူး !! အလုပ်မှာ စိတ်ညစ်ရပါ
တယ်ဆို အခုလည်း စိတ်ညစ်ပြီး ပင်ပန်းရမယ်ဆို
သူအသက်ရှူလို့တောင် ရပါ့မလား??

Kyungsooသူ့ ဘေးနားကနေ မျက်နှာငယ်လေးနဲ့
ထွက်သွားသော Chanyeol ကြောင့် လက်ထဲက
ခေါက်ဆွဲခြောက်လေးကို စားပွဲပေါ်တင်လိုက်ကာ

My Owner ( ကျွန်တော်၏ ပိုင်ရှင် )Where stories live. Discover now