6

1.3K 79 0
                                    

အချိန်တွေဟာတရွေ့ရွေ့ကုန်ဆုံးလာသလို Soo တို့
ပြသနာဖြစ်တဲ့နေ့ကတည်းက တစ်ယောက်နဲ့တစ်
ယောက်မတွေ့ဖြစ်တော့ !!  ဘယ်လောက်ပဲသွေးသား
ရင်းနှီးတဲ့ အမွှာတွေဖြစ်ပါစေ ဓားနဲ့ဖြတ်လိုက်သလိုတိခနဲ
ပျက်သွားသော သူတို့ဆက်ဆံရေးသည် အစထဲက
မခိုင်မြဲခဲ့ပါ ~~ နီညိုရောင် ဝါရွက်တို့မြေခခဲ့ပြီး
ပန်းနုရောင် ချယ်ရီပန်းလို့ အစားထိုးလာသော ဆောင်း
ရာသီသည် အေးစက်ခဲ့သလို  ပင်လယ်ဆိပ်ကမ်း
မြို့လေးဘူဆန်တွင်လည်း ပိုကာအေးစက်ခဲ့သည်

တငွေ့ငွေ့ရိုက်ခက်နေသော ပင်လယ်လေအေးရဲ့
အငွေ့အသက်တွေကြောင့် မြန်ဆန်လာသော နှလုံးသား
သည်လည်း  သူ၏နေရပ်သို့ပြန်ရောက်လာရသော
ကြောင့် ပျော်ရွှင်နေသည် ထင်တယ် ~~

Yeol သူ့ကားလေးကို Soo မိဘအိမ်ရှေ့မှာရပ်
လိုက်သည် !! ချမ်းသာသောမိသားစုမဟုတ်သော်
လည်း သပ်သပ်ရပ်ရပ်လေးရှိသော ရှေးခေတ်အိမ်
လေးရဲ့အရှေ့တွင်  ဂင်ချီသိပ်သော မြေအိုးတွေ
ထောင်ထားပြီး ဂ ပုံစံအခန်းတွေအလည်မှာ
ခပ်ကျယ်ကျယ် သစ်သားကုတင်ပုံစံတစ်ခုကို
ထား ထားသည် !!  Yeol ကားအနောက်ခန်းထဲ
ကသူ့တိုအိပ်တွေကိုထုတ်လိုက်ကာ သစ်သား
တံခါးကိုခေါက်လိုက်သည် !!

ကျွီ ~~~~~~~

"    မင်း   !!   "

"    ရေစက်တွေကတိုက်ဆိုင်လိုက်တာ    "

ဘယ်လိုရေစက်တွေလည်း ဖြတ်လို့မရတဲ့ ကံကြမ္မာ
တွေထဲမှာ မိသားစုဆိုတဲ့အရာလည်းပါဝင်သည်လား
သူတို့ဘူဆန်ကိုရောက်လာတဲ့အချိန်  Jongin
တို့လည်း သူတို့မိဘအိမ်ရောက်နေတယ် ~©
Soo သူ့ဘေးက Yeol ကိုကြည့်လိုက်တော့
yeol ကဝင်သွားဖို့ပြောသည် ~~ သူမဝင်ချင်ဘူး
အေးအေးဆေးဆေး အနားယူချင်လို့လာပေမဲ့
နေ့တိုင်း စိတ်ညစ်ပြီး အမုန်းပွားပြီး မနေချင်ခဲ့ !!

"     Kyungsoo   ~   လာပြီလား ?? မင်းညီတို့
တောင် မနေ့ကပဲရောက်တာ ~  "

soo သူ့အမေကိုယ်တိုင်ထွက်လာပြီးလာကြိုတာ
ကြောင့် အိမ်ထဲကဝင်လိုက်ပေမဲ့ သူ Jongin ကို
လှည့်တောင်မကြည့်ဘူး !! အိမ်ထဲရောက်တာနဲ့
ချောင်းဆိုးသံတွေဖုံးလွှမ်းနေတဲ့ သူတို့အိမ်လေး
ဟာ အရင်လိုအေးချမ်းမှုတော့ရှိမနေဘူး !!

My Owner ( ကျွန်တော်၏ ပိုင်ရှင် )Where stories live. Discover now