" နမ်ဂျွန် ? "
နိုးလာချင်းချင်း ဘေးနားမှာ ဘယ်သူမှ မရှိဘဲ လစ်ဟာနေသဖြင့် ဆော့ဂျင် ကမန်းကတမ်း ထကာ ထိတ်ထိတ်ပျာပျာနဲ့  ခေါ်လိုက်မိသည်။
အထိတ်တလန့်ပုံပေါ်နေတဲ့ ဆော့ဂျင် မျက်နှာက ဖွေးဖျော့နေပြီး ခုတင်ပေါ်က ကပျာကယာဆင်းလိုက်တော့ စောင်နဲ့ လုံးထွေးကာ ကြမ်းပြင်ပေါ် ဒုန်းခနဲ ပြုတ်ကျသည်။ ကိုယ်မှာ ရစ်ပတ်နေသည့် စောင်ကို ဖယ်ပြီး အပြင်ထွက်ဖို့ လုပ်နေတဲ့အချိန်မှာ တံခါးဖွင့်သံကြားလိုက်ရပြီး စိုးရိမ်တကြီးနဲ့ အမေးစကားသံ ထွက်လာသည်။
" ဘာဖြစ်တာလဲ ဆော့ဂျင် ... ပြုတ်ကျတာလား ?.. ဘယ်နားနာသွားသေးလဲ ? "
" ဟင့်အင်း "
သူ ပြုံးရင်း ခေါင်းခါပြလိုက်ပြီး သူ့ကို လာတွဲသည့် နမ်ဂျွန်ကို ပြန်၍ ဖက်တွယ်ထားလိုက်သည်။
" သတိထားမှပေါ့ .. မတော်တဆ နာသွားရင် ဘယ်လိုလုပ်မလဲ ? "
ကိုယ့်အပြစ်နှင့်ကိုယ်မို့ သူ ငြိမ်နေလိုက်ရသည်။ နမ်ဂျွန်က သူ့ကို ရေချိုးခန်းဘက်ဆီ တွဲကာ လျှောက်ပေးရင်းက ...
" ဘာတွေအလျင်လိုပြီး ရှပ်ပြာရှပ်ပြာလုပ်လို့ ပြုတ်ကျရတာလဲ ? "
" ဒီတိုင်း .... "
မဖြေချင်တာနဲ့ ဆော့ဂျင်ခေါင်းငုံ့ကာ နှုတ်ဆိတ်နေလိုက်တော့ နမ်ဂျွန် ဘာမှထပ်မမေးတော့။
" အာ ... မျက်နှာ ကိုယ့်ဘာသာ သစ်လို့ရပါတယ် "
အတင်းမျက်နှာသစ်ပေးနေသည့် နမ်ဂျွန်ကြောင့် ဆော့ဂျင်ရုန်းကာ တစ်ဖက်ကို ပြေးကပ်မိသည်။
" ချော်လဲဦးမယ် "
" မလဲပါဘူး "
အဲဒါကို သွားကိုပါ သူတိုက်ပေးမယ်လုပ်နေလို့ ဆော့ဂျင် အသည်းအသန်ငြင်းရသည်။ နမ်ဂျွန်တစ်ယောက် တကယ်ဘယ်လိုဖြစ်နေတာလဲ ?
YOU ARE READING
The Day without YOU (THE NAMJINIST) Z+U
Short Storyမင်းနဲ့အတူသာဆို လျှောက်ရမယ့်လမ်းက ပန်းခင်းလမ်းမဟုတ်ဘဲ ဆူးဝန်းရံလို့ ဒဏ်ရာပရဗွနဲ့ သွေးတစက်စက်ကျရလည်း ကိုယ် မမှုဘူး ...မင်းနဲ့အတူသာဆို လေထန်ပြီး မိုးသက်မုန်တိုင်းဘယ်လောက် ကြမ်းပါစေ ကိုယ် မတွန့်ဆုတ်ဘူး ... မင်းလက်ကိုသာ တ...