ပေါင်ပေါ် တင်ထားသည့် လက်နှစ်ဖက်ကို ကျစ်ကျစ်ဆုပ်ထားပေမယ့် တုန်လှုပ်နေသည့် စိတ်က လက်ဖျားတွေပါ အေးစက်ကာ တုန်ယင်နေစေ၏။
ကြောက်တတ်တဲ့ သူနှစ်ခါသေတယ်တဲ့။ ... ဖေဖေ ပြောခဲ့ဖူးတဲ့ စကားကို သတိရမိတော့ ဆော့ဂျင် နှုတ်ခမ်းကို ဖိကိုက်လိုက်ရင်း ကိုယ့်ရှေ့မှာ ရှိနေသည့် လူတွေကို မမြင်ရသော်လည်း မော့ကြည့်လိုက်မိသည်။
" ငါ ..... "
စကားပြောဖို့ ကြိုးစားလိုက်ပေမယ့် တိတ်ဆိတ်နေတဲ့ ဝန်းကျင်မှာ ထွက်လာတဲ့ သူ့အသံကိုပင် သူ ပြန်လန့်နေပြီး အကုန်လုံးရဲ့ အကြည့်တွေက သူ့ဆီမှာ စူးစိုက်ကျလာမှာကို ခံစားမိကာ အငွေ့ပျံ၍ပင် ပျောက်ကွယ်သွားချင်မိသည်။
ပြောဖို့အားယူနေမိသော်လည်း တကယ်တမ်းကျ နှုတ်ဖျားမှ စကားသံထွက်ကျလာဖို့ပင် ခက်ခဲလွန်းလှသည်။
လည်ချောင်းဝမှာ တစ်ဆို့နေသည့် စကားလုံးတွေကို သွန်ချဖို့ ကြိုးစားနေစဉ် အနားကို လှစ်ခနဲရောက်လာသည် ထင်မိသော လှုပ်ရှားမှု အသံသဲ့သဲ့ကြောင့် ဆော့ဂျင် လက်တွေကို ပို၍ ကျစ်ဆုပ်လိုက်မိသည်။
သူ ထိတ်လန့်နေဆဲမှာ နားထင်ကို အေးစက်စက်လာထိတွေ့သည့် အထိအတွေ့နှင့် တဆက်တည်း 'ချောက်'ဟူသော အသံတစ်ချက်ကြားလိုက်ရသည်။
" ပြောစရာရှိတယ်ဆို မြန်မြန်ပြော .. သိပ်စိတ်ရှည်တာမဟုတ်ဘူး "
မကြောက်ဘူးဟု အားတင်းထားသော်လည်း တဆတ်ဆတ် တုန်ယင်နေသည့် နှုတ်ခမ်းပါးတို့နှင့် ထိန်းချုပ်ထားသည့် ကြားမှ မြေပြင်ပေါ် အလည်သွားချင်နေသည့် မျက်ရည်စက်တို့က သူ့ကို သစ္စာဖောက်သည်။
" မင်း လက်ထဲက သေနတ်ချထားလိုက် ! "
ခေါင်းဆောင်ဖြစ်ဟန်တူသူ၏ အမိန့်ဆန်ဆန်အသံအဆုံးမှာ ဆော့ဂျင်ရဲ့နားထင်ထက် ဖိကပ်ထားသည့် သေနတ်၏ အထိအတွေ့ ပျောက်ကွယ်သွားသည်။
သူ့ တစ်သက်နှင့် တစ်ကိုယ် မြင်ပင် မမြင်ဖူးခဲ့သော သေနတ်ကို ဒီမှာ ရှိနေသည့် လူတွေကတော့ ကလေးကစားစရာလို ကိုင်ဆောင်နေသလား မသိ။
YOU ARE READING
The Day without YOU (THE NAMJINIST) Z+U
Short Storyမင်းနဲ့အတူသာဆို လျှောက်ရမယ့်လမ်းက ပန်းခင်းလမ်းမဟုတ်ဘဲ ဆူးဝန်းရံလို့ ဒဏ်ရာပရဗွနဲ့ သွေးတစက်စက်ကျရလည်း ကိုယ် မမှုဘူး ...မင်းနဲ့အတူသာဆို လေထန်ပြီး မိုးသက်မုန်တိုင်းဘယ်လောက် ကြမ်းပါစေ ကိုယ် မတွန့်ဆုတ်ဘူး ... မင်းလက်ကိုသာ တ...