ပူလောင်လွန်းလှသောအရပ်ဒေသတစ်ခုပူသည်အလွန်တရာမှပင်ပူလောင်သည်
အရာအားလုံးဝိုးတဝါး မျက်လုံးများ ပွတ်၍ကြည့်ပါသော်ငြားလည်း ရှင်းရှင်းလင်းလင်းမမြင်ရ
ခြေထောက်အောက်တွင်နင်းမိနေသောအရာများကိုကြည့်မိလေတော့ သဲမြေများပင်ဖြစ်နေသည်'ငါ ကန္တာရကိုရောက်နေတာများလား '
မပီမသသောအော်သံတစ်ခုအားကြားရသဖြင့်အသံရှိရာသို့ခန့်မှန်းရင်းရှေ့ဆက်လျှောက်မိတော့ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခု
သွေးတွေ မြင်မကောင်းအောင်ပေပွနေသောလူတစ်ယောက် နှင့် ထိုသူအားသေနတ်နှင့်ချိတ်ရွယ်နေသောလူတစ်ယောက်
" မပစ်ပါနဲ့ မပစ်ပါနဲ့ "
"ဒိုင်း!!!!!!!"
ရေရွတ်ကာတားသော်လည်းမမှီတော့
အိပ်မက်ဟုသိသော်ငြားလဲနိုးထဖို့မလွယ် အာစေးမိနေသောလူတစ်ယောက်ကဲ့သိုဖြစ်နေသည်။
နှုတ်ကအသံထွက်အော်ရန်ကြိုးစားသော်လည်း အရာမဝင်
"HEY အိပ်မက်ဆိုးမက်နေတာလား "
တစ်စုံတစ်ယောက်၏လှုပ်နှိုးသံကြောင့် နှိုးထလာခဲ့ရသည်။
မျက်စိရှေ့တွင်ဝိုးတဝါးမြင်နေရာမှတဆင့် ပီပြင်လာသည့်ထို့သူ့ပုံရိပ်
ထူထဲသောမျက်ခုံးနှစ်ခုနှင့် စူးရှသောမျက်ဝန်းတစ်စုံ
ထိုလူ
သေနတ်ကိုင်ထားသောထိုလူ
သေနတ်ပစ်လိုက်သည့် ထိုလူ
"အား!!!!!!!"
ခေါင်းကိုဖိကိုင်ကာ အော်မိသည့်နောက် ထွက်လာသော စူးရှရှအော်သံနှင့်အတူ လက်ကိုကိုင်လိုက်သည့် အထိအတွေ့ကြောင့် အိပ်မက်မဟုတ်တော့မှန်းသိလိုက်ရသည်။
ငါ့ကိုပါသတ်တော့မှာလား သူလူသတ်တာငါမြင်သွားခဲ့တာပဲ
အတွေးများတွင်ယောက်ယက်ခတ်နေစဉ် ကမ်းပေးလာသည့် ရေခွက်အား ကုန်စင်အောင်သောက်မိလိုက်သည်။
"မင်းကိုကြည့်ရတာအရမ်းစိတ်လှုပ်ရှားနေသလိုပဲ နည်းနည်းအနားယူလိုက်ပါဦး"
YOU ARE READING
DARK SIDE OF LOVE
Fanfictionချစ်ခြင်းရဲ့တစ်ဖက်မှာမုန်းတီးခြင်းတွေရှိတယ် မုန်းတီးခြင်းအဖြစ်ကိုမရောက်ဖို့ ကိုယ့်အချစ်တွေကိုမဖော်ပြမိတာ မှားသလား