စိတ်တိုလိုက်တာ ! စိတ်တိုလိုက်တာ တကယ်ပဲ💢 ကျန်တဲ့အချိန်တွေအကောင်း ကျောင်းဆင်းပြီဆို မိုးက ရွာပြီ..။ စိတ်ညစ်တယ် တကယ်ပါပဲ..။ ဒီကြားထဲ ဆရာက ခိုင်းစရာရှိလို့ခေါ်ထားတော့ သာမန်ထက်ပိုနောက်ကျပြီးမှပြန်ရတယ်...။ အပြင်မှာ လူကသိပ်မရှိတော့...။
ထီးကို ဆောင့်အောင့်ဖွင့်ပြီး လွယ်အိတ်ကို လက်တစ်ဖက်နဲ့ ပိုက်ပြီး လမ်းလျှောက်လိုက်တယ်..။
BUS STOPကိုရောက်ဖို့ လမ်းကလျှောက်ရဦးမယ်...။ အဲ့ဒါကြောင့် မိုးရာသီကိုတစ်စက်မှသဘောမကျတာပါဆို..💢💢💢💢
Baby Shark Doo doo doo doo doo doo Baby!! 🎶
အရေးထဲ ဖုန်းက လာနေသေးတယ်...။ ခက်ခက်ခဲခဲ နှိုက်ထုတ်ပြီး Contact Nameကိုကြည့်တော့ Sehun..။
"အေး ဘာလဲ..."
"......"
"ငါအခုကျောင်းကပြန်မလို့ Bus Stopသွားနေတာ မိုးကလဲ စိတ်ညစ်စရာကွာ..."
"......"
"..အေး..စောင့်နေ...ငါအခုပြန်လာနေပြီ ..အေးပါ "
ဖုန်းကိုအိတ်ထဲပြန်ထိုးထည့် ထီးကိုသေချာပြင်ဆောင်းပြီး တရွေ့ရွေ့ချီတက်ရပြန်တယ်..။
"ဟင်....ဟိတ်လူ...ကား...ကားလာနေတယ်လေ ..."
BUS STOP မရောက်ခင်မှာပဲ မိုးရေထဲမှာ အနောက်တိုင်းအကျီကိုအကျအနဝတ်ထားတဲ့လူတစ်ယောက်က ကားလာနေတာကို မမြင်ပဲ ကန့်လန့်ကြီးလျှောက်နေတော့ အတင်းဆွဲထားရတယ်...။
ထိုလူက သူ့လက်မောင်းကိုဆွဲထားတော့ အထူးတဆန်းပုံစံနဲ့ကြည့်နေတယ် ...။
"ကားလာနေတယ်လေဗျာ..ကားက တိုက်ရင်သေတတ်တယ်နော်..ဥုံဖွလုပ်ရုံနဲ့မပျောက်ဘူး ...မိုးရွာလို့ စိတ်တိုနေရတဲ့ကြားထဲ ဘယ်လိုလူတွေနဲ့လာတွေ့နေတာလဲမသိဘူး..."
"ဟေ့ကောင်လေး ..ဒီမှာ...မင်းဘာသာမင်း အတင်းလာဆွဲပြီးတော့... ပြောလို့ဆိုလို့ ပြီးဦးမှာလား ..."

VOCÊ ESTÁ LENDO
SWEETISH [Completed]
Fanficအချစ်က ချိုမြမြ~ Special One Shot For KrisYeol Day ♥ ♥ And Extra Parts xD