Touch Love

1.1K 104 14
                                    

ရှည်လျားလှတဲ့
အထက်တန်း
နွေရာသီကျောင်းပိတ်ရက်များ
ကုန်လွန်ပြီးနောက်
မိုးလရာသီဖြစ်တဲ့
ဇွန်လကျောင်းပြန်ဖွင့်ချိန်...

ကျွန်တော်တို့လက်ရှိနေနေတဲ့
မြို့လေးကနေ
Ommaရဲ့အလုပ်အတွက်
အဆင်ပြေနိုင်တဲ့နယ်ဘက်ဒေသသို့
ပြောင်းရွှေ့လာခဲ့ရသည်။

ကားစီးလာခဲ့ရသည်မှာ
ခန့်မှန်းခြေ သုံးနာရီခန့်မျှ
ရှိပြီဖြစ်တာကြောင့်
ခန္ဓာကိုယ်တစ်ခုလုံး
မချိမဆန့်အောင်ညောင်းကိုက်နေပြီ

နာရီအနည်းငယ်မျှ
ဆက်လက်မောင်းနှင်ပြီးနောက်
မြို့အဝင်ဝရှိ
HaengPo 29KM ဆိုသည့်
ဆိုင်းဘုတ်စိမ်းစိမ်းလေးကို
ဖြတ်ကျော်လာခဲ့ရသည်။

HaengPoဆိုသည်မှာ
ကျွန်တော်တို့နေထိုင်ရမည့်မြို့...

မြို့ထဲကိုဝင်လျှင်ဝင်ချင်း
ကြီးမားလှတဲ့သစ်ပင်ကြီးများကို
တောက်လျှောက်
မြင်တွေ့လိုက်ရသည်မို့
ကားပြတင်းပေါက်ကိုဖွင့်ကာ
လေကောင်းလေသန့်ကို
တစ်ဝကြီးရှူသွင်းပစ်လိုက်သည်။

ဘေးပတ်ဝန်းကျင်က
သစ်ပင်တော်တော်များများရဲ့
သက်တမ်းက
နှစ်တစ်ရာအနည်းဆုံးရှိကြောင်း
ကားမောင်းနေသော
Ommaထံမှ ကြားသိခဲ့ရသောအခါ
ကျွန်တော့်အတွက်တော့
အံ့သြမဆုံးနိုင်..။

ဒါတွေကမြို့ပြမှာမရနိုင်တဲ့
သဘာဝတရားကြီးကပေးထားတဲ့
အနှစ်သာရများပေ..။

" အိမ်လေးကိုသဘောကျရဲ့လား
သား.. "

ပခုံးကိုလှမ်းပုတ်ရင်းပြောလာတဲ့
Ommaစကားကြားမှ
ငေးကြည့်နေရာက
အသိပြန်ဝင်လာကာ

" နေချင်စရာလေးပါ "

" သားသဘောမကျမှာဆိုးလို့
Omma စိတ်ပူနေတာ.. "

" ကြိုက်ပါတယ်.. "

" ဒါဆိုလဲသား
အေးဆေးလိုက်ကြည့်အုံး "

Seoulကနေ နယ်ကို
ပြောင်းလာရသဖြင့်
Ommaကိုမကျေနပ်သော်လည်း
ယခုမြို့လေးကား
နေချင်စရာကောင်းပြီး
ရာသီဥတုမှာလဲ
အေးအေးချမ်းချမ်းရှိလှသည်။

သစ်ပင်ပေါ်တွင်တွဲလဲခိုနေသည့်
မိုးရေမိုးပေါက်များကိုကြည့်ကာ
မျက်စိပသာဒတင့်ရ၏။

You've reached the end of published parts.

⏰ Last updated: Aug 07, 2018 ⏰

Add this story to your Library to get notified about new parts!

Touch LoveWhere stories live. Discover now