ရှည်လျားလှတဲ့
အထက်တန်း
နွေရာသီကျောင်းပိတ်ရက်များ
ကုန်လွန်ပြီးနောက်
မိုးလရာသီဖြစ်တဲ့
ဇွန်လကျောင်းပြန်ဖွင့်ချိန်...ကျွန်တော်တို့လက်ရှိနေနေတဲ့
မြို့လေးကနေ
Ommaရဲ့အလုပ်အတွက်
အဆင်ပြေနိုင်တဲ့နယ်ဘက်ဒေသသို့
ပြောင်းရွှေ့လာခဲ့ရသည်။ကားစီးလာခဲ့ရသည်မှာ
ခန့်မှန်းခြေ သုံးနာရီခန့်မျှ
ရှိပြီဖြစ်တာကြောင့်
ခန္ဓာကိုယ်တစ်ခုလုံး
မချိမဆန့်အောင်ညောင်းကိုက်နေပြီနာရီအနည်းငယ်မျှ
ဆက်လက်မောင်းနှင်ပြီးနောက်
မြို့အဝင်ဝရှိ
HaengPo 29KM ဆိုသည့်
ဆိုင်းဘုတ်စိမ်းစိမ်းလေးကို
ဖြတ်ကျော်လာခဲ့ရသည်။HaengPoဆိုသည်မှာ
ကျွန်တော်တို့နေထိုင်ရမည့်မြို့...မြို့ထဲကိုဝင်လျှင်ဝင်ချင်း
ကြီးမားလှတဲ့သစ်ပင်ကြီးများကို
တောက်လျှောက်
မြင်တွေ့လိုက်ရသည်မို့
ကားပြတင်းပေါက်ကိုဖွင့်ကာ
လေကောင်းလေသန့်ကို
တစ်ဝကြီးရှူသွင်းပစ်လိုက်သည်။ဘေးပတ်ဝန်းကျင်က
သစ်ပင်တော်တော်များများရဲ့
သက်တမ်းက
နှစ်တစ်ရာအနည်းဆုံးရှိကြောင်း
ကားမောင်းနေသော
Ommaထံမှ ကြားသိခဲ့ရသောအခါ
ကျွန်တော့်အတွက်တော့
အံ့သြမဆုံးနိုင်..။ဒါတွေကမြို့ပြမှာမရနိုင်တဲ့
သဘာဝတရားကြီးကပေးထားတဲ့
အနှစ်သာရများပေ..။" အိမ်လေးကိုသဘောကျရဲ့လား
သား.. "ပခုံးကိုလှမ်းပုတ်ရင်းပြောလာတဲ့
Ommaစကားကြားမှ
ငေးကြည့်နေရာက
အသိပြန်ဝင်လာကာ" နေချင်စရာလေးပါ "
" သားသဘောမကျမှာဆိုးလို့
Omma စိတ်ပူနေတာ.. "" ကြိုက်ပါတယ်.. "
" ဒါဆိုလဲသား
အေးဆေးလိုက်ကြည့်အုံး "Seoulကနေ နယ်ကို
ပြောင်းလာရသဖြင့်
Ommaကိုမကျေနပ်သော်လည်း
ယခုမြို့လေးကား
နေချင်စရာကောင်းပြီး
ရာသီဥတုမှာလဲ
အေးအေးချမ်းချမ်းရှိလှသည်။သစ်ပင်ပေါ်တွင်တွဲလဲခိုနေသည့်
မိုးရေမိုးပေါက်များကိုကြည့်ကာ
မျက်စိပသာဒတင့်ရ၏။
YOU ARE READING
Touch Love
Randomဘုရားမှာတောင်းတဲ့ဆုက ကိုယ်တို့ပျော်ပျော်ရွှင်ရွှင်နဲ့ သေတပန်သက်တစ်ဆုံး ချစ်နိုင်ပါစေလို့....