အဝတ်မဲ့ရင်အုပ်ကျယ်ထဲ ခေါင်းတိုးဖွက်ရင်း
မနေ့ညကအဖြစ်အတွက်အရှက်သည်းနေတဲ့
Kyung sooလေးမှာ jong inမျက်နှာကိုလဲ
စေ့စေ့ပင်မကြည့်ရဲရှာဖြစ်လို့နေ၏။နှစ်ယောက်သားနိုးနေတာကြာပြီဖြစ်ပေမဲ့
Kyung sooရဲ့အရှက်လွန်မှုကြောင့်
အမျိုးစုံချော့မော့နေရသည်နှင့် အိပ်ယာက
မထနိုင်ကြသေးတာဖြစ်သည်။" baby,ထတော့လေ ကလေးရဲ့ "
" ဟင့်အင်း "
နှာဖျားလေးနဲ့ရင်ဘတ်ကိုထိကပ်ထား၍
မှုတ်ထှတ်လိုက်တဲ့အသက်ရှူ သံငွေ့ငွေ့ကြား
အသဲယားစွာကျန်ခဲ့ရသူကjong in,ကလေးငယ်ကတော့ အခုထိကို
ခေါင်းမော့မလာသေး!" နောက်ကျနေပြီbaby,
ထမင်းစားရအုံးမယ်လေ
ထတော့ကလေးရာ "" ကျွန်တော် ရှက် လို့ "
ပြောရင်းမှ ရင်ခွင်ထဲနစ်မြုပ်မတတ်တိုးဝင်တဲ့
Babyကြောင့် အသဲယားစွာ ခါးသိမ်လေးကို
ဖျစ်ညစ်လိုက်မိသည်။သိပ်ကိုအူယားရပါတယ်baby,
" paချီသွားပေးမယ် လာ "
လုံးကစ်ကစ်ကိုယ်လေးကို ကောက်ယူပွေ့ချီရင်း
ရေချိုးခန်းဆီခေါ်ခဲ့သည့်တိုင် မျက်စိစုံမှိတ်လျက်
အရှက်မပြေသေးပေ။နားရွက်ဖျားတို့ရဲရဲနီ၍ တစ်မျိုးတစ်ဖုံ
အူယားစရာကောင်းနေတဲ့babyလေးကို
ဘယ်သူမှမမြင်နိုင်အောင် ထာဝရ
ကွယ်ဖျောက်ထားလိုက်ချင်သည်။ခက်တယ် ပိုင်ဆိုင်ခွင့်က ကိုယ်တစ်ဦးတည်း
မူပိုင်ပါဆိုသော်လည်း လောဘရယ်က
အတောမသတ်နိုင်သေး။အရမ်းကြီးချစ်ဖို့မကောင်းပါနဲ့baby!
ရေမိုးချိုးပြီးနောက် အဲ့ဒီ့အရှက်မပြေတဲ့
အူယားစရာကောင်သေးလေးကို
အဝတ်လဲပေး ကိုယ်လိမ်းနံ့သာလိမ်းပေးနဲ့
ခေါင်းအစခြေအဆုံး jong inဘဲ
တာဝန်ယူပေးရ၏။အချစ်အလွန်ရဲ့နယ်နိမိတ်ထိ
နှစ်ကိုယ်တူခြေစုံပစ်ဝင်ခဲ့မိတဲ့
အကျိုးရလဒ်က babyအတွက်တော့
နာကျင်မှုတစ်ချို့ကပ်ကျန်နေခဲ့သည်မို့
ထိရုံနဲ့တင်ကြွေကျသွားမလားဆိုတဲ့
အတွေးတို့ဖြင့် ခုလောက်ထိအကဲပိုနေမိခြင်း!