ရှယောင်ဟာ လက်ထဲမှာ အင်္ဂလိပ်စာစာအုပ်တစ်အုပ်ကို ကိုင်ထားပြီး ခုတင်ကို မှီနေပါတယ်။ နဂိုကတော့ မအိပ်ခင် meaning ကျက်မလို့ စိတ်ကူးတာပါ။ ဖြစ်ပုံက တစ်လုံးမှ ကျက်မရပါ။
စာအုပ်ကို မျက်နှာပေါ်တင်လိုက်တယ်။ မျက်နှာက တည်ငြိမ်နေပေမဲ့ စိတ်ထဲမှာတော့ အတွေးတွေတွေနဲ့ ပွက်ပွက်ဆူနေပါတယ်။
ကျိုးတုတို့မိသားစုတော့ အခုချိန်ဆို ကလေးမျက်နှာမြင်လို့ ပျော်ရွှင်ကြည်နူးနေကြမှာပါ။ ဒါပေမဲ့ သူတို့တွေ မကြာခင်မှာ ရယ်နိုင်ကြတော့မှာ မဟုတ်။
ဘာလို့ဆိုရင် ကျိုးတုရဲ့ မကြာသေးမီကမှ မွေးတဲ့ ညီမလေးမှာ ရောဂါတစ်မျိုး ခံစားရမှာဖြစ်လို့ပင်။ သိပ်မကြာမီပဲ thalassemia (သွေးတွင်း hemoglobin လျော့ကျသော ရောဂါတစ်မျိုး) ခံစားနေရတယ်လို့ အတည်ပြု ကြမှာဖြစ်တယ်။ အဲ့ဒီအချိန်အတွင်း ကျိုးတု စိတ်အခြေအနေမှာ သိပ်မကောင်းလှ။ရှယောင် ဒီအကြောင်းကို မတော်တဆ သိခဲ့သော အခါတွင် သူ့အနေနဲ့ ပထမဆုံး သူကအရင် ကျိုးတုကို ပြေးပြီးသွားရှာခဲ့တယ်။ ဆေးရုံကို သွားပြီး ရိုးတွင်းခြင်ဆီ လိုက်ဖက်မှုရှိ၊မရှိ သွားစစ်ဖို့ပေါ့။
ရှယောင်ထင်မှတ်မထားမိခဲ့တာက သူနဲ့တစ်ကယ် ကိုက်ညီနေခဲ့လိမ့်မယ် ဆိုတာပေါ့။ကျိုးတုအမေမှာ ရှယောင်လက်ကို ဆွဲပြီး တရစပ် ငိုယိုနေခဲ့တယ်။ ရှယောင် နဂိုကတော့ ကျိုးတုညီမလေးကို ကယ်မလို့ပါပဲ။ သို့သော် ခေါင်းလှည့်အကြည့် ကျိုးတုကို မြင်တဲ့ တစ်ခဏတာမှာ အကြံတစ်ခုရသွားခဲ့တယ်။
ကျိုးတုအမေကို အိမ်ပြန်ပြီး မေမေ့ဆီက သဘောတူညီမှုယူရဦးမယ်လို့ ပြောခဲ့တယ်။ ကျိုးတုအမေကလည်း နားလည်တယ်ပေါ့။ ရှယောင်ကို အိမ်လိုက်ပို့ပေးဖို့ ကျိုးတုကို ခိုင်းလိုက်တယ်။အိမ်နဲ့သိပ်မဝေးတဲ့ လူမရှိတဲ့ နောက်ဖေးလမ်းကြားလေးတစ်ခုမှာ ရှယောင်ခေါင်းကို ငုံ့ ကိုယ့်ခြေထောက်ကိုယ်ကြည့်ပြီး ကျိုးတုကို မေးလိုက်တယ်။ "မင်းညီမလေးကို ကယ်ပေးစေချင်လား"
ကျိုးတုက အင်းတဲ့။ရှယောင် အဲ့ခါကျမှ ခေါင်းမော့ပြီး ကျိုးတုမျက်နှာကို ကြည့်ပြောလိုက်တယ်။
"ဒါဆို မင်းငါ့ကို အချက်တစ်ချက် သဘောတူပေးရမယ်"
"ဘာလဲ"
"ငါနဲ့တွဲ"
YOU ARE READING
မချစ်ဘူးတဲ့လား (မခ်စ္ဘူးတဲ့လား)
Teen Fictionစာရေးသူ- 江心小舟 ( ကြိုပြောရဦးမယ် * bl * ပါနော်) "မိတ်ဆက်" အထက်တန်းကျောင်းသားအရွယ်ကို ပြန်လည်ရောက်ရှိ၊ တိတ်တိတ်လေး ချစ်ခဲ့ရသူကို နောက်တစ်ကြိမ် ပြန်တွေ့ရတဲ့အခါ ရှယောင် ဟာ နဂိုကနဲ့ လုံးဝ မတူညီတဲ့ လမ်းကြောင်းကို ရွေးချယ်လိုက်ပါတယ်။ မင်းက ငါ့ကို မချစ်ဘူး...