*Kyungsoo မင်းကလဲ စိတ်ဆိုးပြေလိုက်ပါတော့ကွာ ဟိုမှာ chanyeolရုပ်ကိုလဲကြည့်ဦး စူပုပ်နေတာပဲ*
ဂျပန်နိုင်ငံမှ ကိုရီးယားနိုင်ငံသို့အပြန် လေဆိပ်တွင်လမ်းလျှောက်နေသော kyungsooအား chenမှ ပခုံးကိုဖက်ကာ တိုးတိုးကပ်၍ပြောလာသည်။*ငါမှားတာမှမဟုတ်တာကွာ မင်းတို့လဲသိနေတာပဲ*
Kyungsooကတုံ့ပြန်ကာ အနောက်မှာ ပါလာသည့် chanyeolကိုလှည့်ပင်မကြည့်။ chanyeolကတော့ စူပုပ်ကာ chenနဲ့ kyungsooကိုကြည့်နေလေရဲ့။အမှန်တော့ ရန်ဖြစ်ရသည့်အကြောင်းက ဒီလို ~~~
ဂျပန်မှာ fanmeeting ရှိလို့ ကျွန်တော်တို့တစ်ဖွဲ့လုံး ဂျပန်ကိုသွားရသည်။ kyungsooနဲ့ suho hyung က ရိုက်ကူးရေးရှိသေးလို့ နောက်နေ့မနက်မှလိုက်လာကြမည်။ ကျန်တဲ့memberတွေနဲ့ ကျွန်တော်ကရှေ့ကသွားနှင့်သည်။ အခုတလော kyungsooနဲ့ ကျွန်တော် တွေ့ချိန်သိပ်မရှိ။ သူကလဲ သူ့drama ရိုက်ကူးရေးနဲ့ အချိန်ပြည့်မအားသလို။ ကျွန်တော်ကလဲ Barcelona ကနေ ရိုက်ကူးရေးပြီးလို့ပြန်လာရတာ မကြာသေး။ dromမှာ တွေ့တဲ့အချိန်ခဏလေးသာ အလွမ်းဖြေရသည်။ ဒါပေမယ့် ရိုက်ကူးရေးကြောင့် ညဘက် ပြန်လာရင် နုံးချိနေသော kyungsooကို ရေချိုးခန်းရှေ့ကနေသွားစောင့် တဘက်လေးပေး။ ပင်ပန်းနေလို့ ညစာမစားတဲ့သူ့ကို နဲနဲလေးပဲဖြစ်ဖြစ်ဝင်အောင် ခွံ့ကျွေး ပြီးရင် အိပ်ယာဘေးမှာထိုင်ပြီး သူအိပ်ပျော်တဲ့အထိစောင့်ပေး။ အိပ်ပျော်သွားရင် စောင်လေး
ခြုံပေးပြီး ကျွန်တော်လဲအိပ်။ မနက်ကျတော့ ကျွန်တော်မနိုးသေးဘူး သူက ထသွားပြီ။ သူပင်ပန်းနေလို့ ကျွန်တော့မှာ *Kyungsoo ya* လို့အော်တတ်တဲ့ အကျင့်လေးတောင်ပျောက်နေတာကြာပြီ။ အဲလိုတွေဖြစ်နေလို့ ကျွန်တော်သူ့ကိုအရမ်းလွမ်းနေတာကို ကိုယ်ချင်းစာကြည့်ပေါ့ဗျာ။
YOU ARE READING
Behind the moments
Non-Fictionfiction မဟုတ်ပါ။ momentတွေကိုအခြေခံပြီးရေးမယ်။ momentတစ်ခုထွက်ရင် တစ်ခါupdateမယ်။? ဘယ် otp ကိုမှထိခိုက်စေလိုချင်း အလျင်းမရှိပါ။